P - 4 ( Zg + Uni) 💔💔💔

2K 63 1
                                    

💔💔💔 ဆုံမှတ်တစ်ခု အလို 💔💔💔
Part { 4  }


" ရေးစ် ကျောင်းပြီးပြီဟေ့..!
ငါတို့ လွတ်လပ်သွားပြီကွ "

" ပျော်လိုက်တာဟယ်.. "

မိန်း စာမေးပွဲခန်းထဲက ထွက်လာတာနဲ့
ကြားလိုက်ရသော  အသံတွေကြောင့်
ကြည့်လိုက်မိရာ မိန်းတို့လို တခြားမေဂျာက
နောက်ဆုံးနှစ်တွေက အခုလိုအော်နေခြင်းပင်။

သူတို့ မပြောနဲ့ မိန်းသာဆိုလည်း ကျောင်းပြီးသွားလို့
လွတ်လပ်ပြီလို့ အော်ပစ်လိုက်ချင်သည်။

ဒါပေမဲ့ အော်ဖို့ အခွင့်မရှိသေး ဒယ်ဒီ လုပ်ငန်း
တွေက မိန်းကို စီးကြိုနေတယ်လေ။

ဦးစည်သူလင်းရဲ့ တစ်ဦးတည်း သမီးဖြစ်တဲ့
မိန်းလင်းချယ်ရီ ဆိုတဲ့ မိန်းက
ဒယ်ဒီရဲ့ အရာရာကို ဆက်ခံရတော့မည်။
ဒယ်ဒီ နဲ့ အတူ လက်တွဲပြီးပေါ့။

ထို့အတူ တစ်ဖက်က မိန်း သိပ်ချစ်ရတဲ့
ဒီမြဲမှော် ကလည်း သူ့ အဖေလုပ်ငန်းတွေမှာ
ဝင်ပြီးကူညီတော့မှာလေ။

အခုကတည်းက မိန်းတို့ company ဘာမှ
မဖြစ်အောင် မိန်း ကာကွယ်စောင့်ရှောက်ရမည်။
ဒယ်ဒီ ပြောသလို ဒီမြဲမှော်နဲ့ သူ့ အဖေက
မိန်းတို့ company ကို ကျားချောင်း
ချောင်းနေလောက်ပြီဖြစ်တဲ့အတွက်
ကြိုတင်ကာကွယ်ထားမှ ရပေမည်။



" ဟော ဘယ်သူများလဲလို့ ပုံတုံးမ ခေါ်
လူသတ်သမားရဲ့ သမီးကိုး..!  "

အတွေးလွန်နေတုန်း အရှေ့က သူ့ ကောင်မလေး
နဲ့ ရောက်လာသော ဒီမြဲမှော် ကြောင့်
ဘာလဲဆိုပြီး မိန်း မျက်ခုံးပင့်ပြလိုက်သည်။

"  မြဲနော်  မိန်းကို သွားစမနေပါနဲ့။
မိန်းရေ ဒီနေ့ည တိမ်​လွှာ မွေးနေ့လေ
အဲ့တာ မိန်းကို ဖိတ်ချင်လို့။
သူငယ်ချင်းတွေ အားလုံးလည်း
လာကြမှာလေ။  အဲ့တာ မိန်း လာပေးလို့
ရမလားဟင် တိမ်​လွှာ တောင်းဆိုပါတယ်နော် "

မိန်း လက်ကို လာကိုင်ရင်းနဲ့ အပြုံးနုနုလေး
တွေ ဆင်မြန်းထားသော တိမ်လွှာဖြူကို
ကြည့်ပြီး မိန်း လုပ်လိုက်မိတာက
ခေါင်းငြိမ့်လိုက်မိတာပင်။

 💔💔 ဆုံမှတ်တစ်ခုအလို 💔💔 ( ဒီမြဲမှော်+ မိန်းလင်းချယ်ရီ) Место, где живут истории. Откройте их для себя