P - 58 ( Zg + Uni)

1.2K 36 1
                                    

💔💔💔 ဆုံမှတ်တစ်ခု အလို 💔💔💔
Part { 58  }

အတော်လေးကို ဖရိုဖရဲဖြစ်သွားသော
တိမ်လွှာ ပုံစံက မိန်း မနည်းကြည့်ယူရသည်။
ဒါပေမဲ့လည်း မိန်း မှတ်မိနေတုန်းပါ။

အခုလည်း မိန်းကို မြင်တာနဲ့ သူ့က
ထူးဆန်းမသွားဘဲ စူးစူးစိုက်စိုက်
ကြည့်နေလေသည်။

" တိမ်လွှာ ဒီကလေးက နင့် သားလား....?  "

ဘုန်းဒီလေးရဲ့ ခေါင်းကို ကိုင်ပြီး မိန်း
ဆိုလိုက်ကာ ရှိသေး သူက ပခုံးတစ်ချက်
တွန့်ပြပြီး ရယ်နေလေသည်။

ဒီမြဲမှော်တို့ကလည်း တိမ်လွှာဖြူ ပုံစံကို
ကြည့်ရင်း မျက်တောင်မခတ်ဖြစ်နေကြသည်။

" ဟင့်အင်း သားက မားမားရဲ့ သားပါလို့။
ဒီတီတီရဲ့ သား ဟုတ်ဘူး။
သားက မိန်းမိန်းရဲ့  သားလေးလို့....
အင့်ဟင့်...အင့်ဟင့်... "

" တိတ်တိတ် သားလေးကလည်း။
သားလေးက ငိုရဘူးလေ။
သားက ပါးပါးနဲ့ မိန်းမိန်းရဲ့သား...
ဟုတ်ပြီလား ငိုရဘူးနော်။ "

ကလေးက ထငိုတော့ ဒီမြဲမှော် က
မြန်ဆန်စွာနဲ့ပဲ ကလေးကို ချီကာ
ချော့လာခဲ့သည်။

ဒါ့ကို သံတိုင်တွေကြားထဲကနေ တိမ်လွှာဖြူ
က ခပ်မဲ့မဲ့ပြုံးလာရင်း.....

" ကလေးက နင်နဲ့  အတော်တူတာပဲ မြဲ...
နာမည်က ဘာလေးလဲ။ "

" မင်းလို မိန်းမမျိုးကို ငါ့ သားနာမည်
ပြောပြပေးရအောင် မင်းက မတန်ဘူး
တိမ်လွှာဖြူ....!!  "

" ဘုန်းဒီလင်း တိမ်လွှာ... ကလေး နာမည်က.. "

မိန်း ဝင်ဖြေလိုက်တော့ တိမ်လွှာ က
မိန်းကို ကြည့်လာကာ.... "

" လှသားပဲ ကလေးနာမည်က....!
နင် ပြန်ကောင်းသွားပြီပေါ့ မိန်းလင်းချယ်ရီ..
ငါ့ကိုရော ခွင့်လွှတ်လိုက်ပြီပေါ့။ "

" ငါ့က ဘာကို ခွင့်လွှတ်ပေးရမှာလဲ တိမ်လွှာ...!
နင်က ဘာလုပ်ထားလို့လဲ။ "

" ဟားဟား... ဟားဟား မိန်းလင်းချယ်ရီ
နင် မမှတ်မိဘူးလို့တော့ မပြောနဲ့နော်။
ဘာလဲ အခုထိ မကောင်းသေးဘူးလား။
ဟုတ်လား မြဲ..!  ရှင့် မိန်းမက အခုထိ
မကောင်းသေးဘူးပေါ့။ ဒါဆို တိမ်လွှာ
အရမ်းပျော်လိုက်တာ။ တစ်သက်လုံး ပြန်မမှတ်မိ
လေ ကောင်းလေပဲ။ "

 💔💔 ဆုံမှတ်တစ်ခုအလို 💔💔 ( ဒီမြဲမှော်+ မိန်းလင်းချယ်ရီ) Where stories live. Discover now