P - 8 ( Zg + Uni) 💔💔💔

1.7K 68 1
                                    

💔💔💔 ဆုံမှတ်တစ်ခု အလို 💔💔💔
Part { 8  }




" ငါ ကိုကို့ ကို ဖုန်းဆက်လို့ မရဘူး
အဲ့တာ အိမ်လာတာ အိမ်မှာလည်း
ကိုကိုက မရှိဘူး။ ကိုကို ဘယ်သွားနေတာလဲ
နင် သိလား....?  "

မိန်း အိမ်ထိ လာပြီး ဒီမြဲမှော် အကြောင်း
မေးနေသော ပိုးဟေသာ ကို ကြည့်ကာ
ဘာပြန်ဖြေရမှန်း မသိပါ။ ရည်းစား ဖြစ်တဲ့
သူတောင် မသိတာ။ မိန်းလို ဘာမှမဆိုင်တဲ့
သူဆို ပိုဆိုးပေါ့။

" မိန်းလင်းချယ်ရီ ငါ ပြောနေတာ ကြားလား...!
ကိုကို ဘယ်သွားလဲလို့..!  "

" ငါ မသိဘူး။ ရည်းစား ဖြစ်တဲ့ နင်တောင်
မသိတာ။ ဘာမှမဆိုင်တဲ့ ငါ့ကို ဘာလို့
လာမေးနေရတာတုန်း.. "

မာဆတ်ဆတ်နဲ့ မေးလာတော့ ဖတ်နေတဲ့
စာအုပ်ကို ဒန်းပေါ် မိန်း ဆောင့်ချကာ
သူ့ အသံနဲ့ level တူပြန်ဖြေပစ်လိုက်သည်။

" နင်နဲ့  ကိုကိုက အိမ်နီးချင်းတွေလေ
ဒါကြောင့် လာမေးတာ။ ငါ့ စိတ်အတိုင်းဆို
မေးချင်စိတ်ကို မရှိဘူး။ "

" ဒါဆိုလည်း ငါ့ကို မေးမနေနဲ့ ပိုးဟေသာ
အခုချက်ချင်း လာရာလမ်းကနေ နင်​ လှည့်ပြန်
လိုက်တော့... "

" ပြန်မှာပါ နင် နှင်စရာမလိုဘူး။
ဒါနဲ့ ငါ့ဆီကနေ ကိုကို့  ကို စနိုက်ဖို့တော့
မစဉ်းစားနဲ့နော်။ နင့် ပုံစံ ကြည့်ရတာ
ငါ့ ကိုကို့ ကို အရူးအမူး ဖြစ်နေတဲ့ ပုံစံကြီး "

" အဲ့တာက နင့်ကို ပြောရမှာပါ ပိုးဟေသာ..!
ငါက နင်ရဲ့ ဒီမြဲမှော် အနား မကပ်သလို
မျက်လုံးနဲ့တောင် စွေမကြည့်ဘူး။
နင်သာ တစ်ကိုတည်း ကိုကို လုပ်နေပြီး
အဲ့ဒီကောင် ဖုန်းမကိုင်တာနဲ့ ငါ့ အိမ်ထိ
ရောက်လာတာပဲ ကြည့်လေ "

" ခုဏက ပြောပြီးသွားပြီလေ
နင်နဲ့  ငါ့ ကိုကိုက အိမ်ချင်းကပ်ရက်မို့လို့
ငါ မေးကြည့်တာလို့။ "

" မဆိုင်တာ ရည်းစား ဖြစ်တဲ့ နင်တောင်
မသိတာ။ ငါ့လို ဘာမှမဆိုင်တဲ့
သူက သိစရာလား...?  "

" ဪ နင်က ဆိုင်ချင်သေးတာပေါ့
မိန်းလင်းချယ်ရီ. ..!
ရယ်​လိုက်ချင်​တာ နင့်​အစား
ငါ့ ကိုကိုက နင့်လို မှန်ကြောင်မကို ဒီတစ်သက်
သေတောင် ကြိုက်မှာမဟုတ်ဘူး။ "

 💔💔 ဆုံမှတ်တစ်ခုအလို 💔💔 ( ဒီမြဲမှော်+ မိန်းလင်းချယ်ရီ) Where stories live. Discover now