P - 44 ( Zg + Uni) 💔💔💔

1.4K 55 2
                                    


💔💔💔 ဆုံမှတ်တစ်ခု အလို 💔💔💔
Part { 44 }




တိမ်လွှာနဲ့ စကားပြောပြီးမကြာ ဒီမြဲမှော်ရဲ့
အတွင်းရေးမှူး မင်းသာဦး က မိန်း နောက်လိုက်
ပုန်းလျှိုးကွယ်လျှိုးနဲ့ လိုက်လာလေသည်။
တိမ်လွှာ မြင်ရင်အမြင့်မသင့်တာကြောင့်
မိန်း ချက်ချင်းပင် နှုတ်ဆက်ကာ resort
ပြန်လာခဲ့ရတော့သည်။ဒါလည်း ဒီမြဲမှော်လူ
မင်းသာဦးက မိန်းနောက် လိုက်ကောင်းနေဆဲ။

အဝင်ဝမှာတင် မိန်းကို လက်ဗလာနဲ့ ရပ်စောင့်နေတဲ့
ဒီမြဲမှော် ကို တွေ့တာနဲ့ ကားကို သူ့နေရာသူ
ထိုးရပ်လိုက်ပြီး သူဆီကို မိန်း ဆင်းလာလိုက်တော့သည်။
သူကလည်း မိန်း ဆီကို လျှောက်လာတော့
ဘယ်လောက်မှ မလျှောက်လိုက်ရတော့ပါ။

" ဒီမြဲမှော်.... မင်းသာဦး ကို နင်ဘာလို့
ငါ့နောက် နောက်ယောင်ခံလိုက်ခိုင်းရတာလဲ။ "

" ကိုယ် ပြောထားပြီးသားလေ အပြင်သွားရင်
ကိုယ် ခွင့်ပြုချက်ပါမှ မိန်းမိန်း သွားလို့ရမှာလို့။
အဲ့တာ အခု ကိုယ့်ကို မိန်းမိန်း ပြောသွားသလား။
ပြောမသွားဘူးလေ။ ဒါကြောင့် မင်းသာဦး ကို
မိန်းမိန်း နောက် ကိုယ် လိုက်ခိုင်းလိုက်တာပဲ။ "

ပြောပုံက မသိရင် မေးမိတဲ့ မိန်းကပဲ မှားနေတဲ့
အတိုင်း။

" ငါ ပြောပြီးပြီလေ။ ငါ လွတ်လွတ်လပ်လပ်
နေချင်တယ်လို့။ အခုချိန်ထိ နင့် လောင်းရိပ်
အောက်ကနေ ငါ မလွတ်မြောက်နိုင်သေးဘူး။
company ပြဿနာတွေကြောင့်
ငါ့ သိက္ခာ​တွေကြောင့် နင့်ကို ယူဖို့ဆုံးဖြတ်လိုက်မိတာ
ကို ငါ အရမ်း နောင်တရတာပဲ။ အစကတည်းက
လက်မထပ်ခဲ့ရမှာ။ အခုတော့ အတုယောင်
လပ်ထပ်မှုကြောင့် ငါ့ ဘဝက ထောင်ကျနေသလိုပဲ။ "

မျက်တောင်တစ်ချက်မခတ်ဘဲ ဒီမြဲ ကို
ကြည့်ကာ ပြောသွားတဲ့ မိနိးမိန်းကြောင့်
အသက်တောင် မရှူနိုင်တော့ပါ။
ဒီမြဲ ချစ်ပေးမှုကို မိန်းမိန်း က
ဘာလို့ ထောင်လို့ မြင်နေရတာလဲ။

" ကိုယ် မင်းကို စိတ်ပူလို့ မိန်းမိန်း...
ကိုယ် မသိလိုက်ဘဲ မင်း အပြင်မှာ
တစ်ခုခုဖြစ်သွားမှာစိုးလို့ ကိုယ် အခုလိုတွေ
စိတ်ပူပေးနေတာ။ ဒါ့ကို မိန်းမိန်း မြင်အောင်
ကြည့်မပေးနိုင်ဘူးလား။ ဘယ်သူ့ကိုမှ
မချစ်ဖူးတဲ့ အချစ်မျိုးနဲ့ ကိုယ်က မိန်းမိန်း ကို
ချစ်ပေးနေတာ။ အဲ့တာတွေကို မိန်းမိန်း
မကြည့်တတ်ဘူးလား။ "

 💔💔 ဆုံမှတ်တစ်ခုအလို 💔💔 ( ဒီမြဲမှော်+ မိန်းလင်းချယ်ရီ) Where stories live. Discover now