P - 61 ( Zg + Uni)

1.5K 44 3
                                    


💔💔💔 ဆုံမှတ်တစ်ခု အလို 💔💔💔
Part { 61  }

နောက်ဆုံး အချိန်ထိ မိန်းမိန်း က သူ့ကိုမှ
မလိုချင်တာ။ အဲ့တာကို ဒီမြဲ သဘောပေါက်ရမည်။

" ဆောရီး မိန်းမိန်း ရာ။ ကိုယ်ကလေ
မိန်းမိန်း နဲ့ ပတ်သက်ရင် အမှတ်ကို မရှိဘူး။
မိန်းမိန်း ကိုယ့်ကို မချစ်ဘူးဆိုတာကို
သိနေတာတောင်မှ အနမ်းတောင်းရဲတယ်။
ကိုယ်က အတော်အမှတ်မရှိတာပဲ မိန်းမိန်း ရာ။
ဟုတ်တယ်နော် မိန်းမိန်း...ကိုယ်က အမှတ်မရှိဘူး။
ပြောလိုက်စမ်းပါ မိန်းမိန်း ဒီကောင်ကြီးကို..!
အမှတ်မရှိဘူးလို့ "

" ရွှတ်....."

ပါးပြင်က နမ်းခံလိုက်ရတာကြောင့် ဒီမြဲ
ကြောင်သွားရသည်။ ဘာလဲ မိန်းမိန်း က
အခု သူ့ကို နမ်းပေးလိုက်တာလား။
သူ အိမ်မက်မက်နေတာလား။

" မိန်းမိန်း..... မိန်းမိန်း ကိုယ့်ကို နမ်းပေးတယ်။
ကျေးဇူး မိန်းမိန်း.. ကျေးဇူးပဲကွာ။
ကိုယ် နည်းနည်းတော့ ခံနိုင်ရည်ရှိသွားပြီ။
ကျေးဇူးပါ ကိုယ်ရဲ့ နောက်ဆုံးဆန္ဒ​လေးကို
ဖြည့်ဆည်းပေးတဲ့အတွက်။ "

ပြုံးပြလာသော သူ့ မျက်ဝန်းတွေက
မိန်း ရင်ကို နာကျင်စေနိုင်အောင်
စွမ်း​ဆောင်​နိုင်စွမ်းရှိသည်။

" လာ ကိုယ် အိမ်ပြန်လိုက်ပို့ပေးမယ် မိန်းမိန်း... "

ငြိမ်သက်စွာနဲ့ သူ ခေါ်ရာနောက်ကို မိန်း
လိုက်လာလိုက်သည်။

ကားမောင်းနေတဲ့ တစ်လျှောက်လုံးလည်း
မိန်း ဆိုနေကျ နေနေရဲ့ မညီမျှခြင်း
သီချင်း နဲ့ ဖူးစာရှင်ကိုပဲ ဖွင့်ထားလေသည်။

ဒီတော့ ခဏခဏ ကြားနေရတဲ့ မိန်းမှာ
နေရခက်စွာ သူ့ကို မောကြည့်လာမိတော့
သူပြန်ပြောတဲ့စကားက မိန်းမိန်းရဲ့ ကိုယ်ပွားလေး
တွေမို့လို့ ဖွင့်တာတဲ့။ ဒီသီချင်းလေး
ဖွင့်ထားရင် မိန်းက သူ့ အနားမှာ ရှိနေသလိုပဲတဲ့။

စကားလုံးက တအားကြီး မများလွန်းပေမဲ့လည်း
မိန်း အတွက် သဘောပေါက် လွယ်ကူလွန်းနေသည်။

သူ မောင်းလာတဲ့ကားလေးက မိန်းတို့
အိမ်ရှေ့မှာ ထိုးရပ်သွားချိန် မိန်းတို့ဆီကို
ပြေးဝင်လာသော သားလေးကြောင့်
မိန်း ဖက်ထားလိုက်မိသည်။

 💔💔 ဆုံမှတ်တစ်ခုအလို 💔💔 ( ဒီမြဲမှော်+ မိန်းလင်းချယ်ရီ) Where stories live. Discover now