P - 62 ( Zg + Uni) ဇာတ်သိမ်းပိုင်း

3.1K 66 4
                                    

💔💔💔 ဆုံမှတ်တစ်ခု အလို 💔💔💔
Part { 62  } ဇာတ်သိမ်းပိုင်း

" မားမား သားကို ခွံ့အုံး။ ပါးပါး ချည်း
ခွံ့နေတာ။ သားကို မေ့နေပြီလား...?  "

ဘုန်းဒီလေး အပြောကြောင့် ဦးစည်သူလင်း နဲ့
ဦးတည်ကြည်မြဲ ပြုံးစိစိဖြစ်သွားသလို
မိန်းလင်းချယ်ရီ ကလည်း ချက်ချင်းပင်
ဇွန်းနဲ့ ကော်ကာ ခွံ့ဖို့ပြင်လာသည်။

" မားမားက သားလေးကို မမေ့ဘူးနော်။
ဒီမှာ သားလေး အတွက် မားမားက
ကြက်သားဖတ်လေးတွေပါ ထည့်ထားတာ။
စားလိုက်ပါအုံး။ "

" ဟုတ် မားမား.. ."

" ကိုယ့်ကိုလည်း ခွံ့ပါအုံး မိန်းမိန်း .. "

" ဟင့်အင်း ခွံ့သေးနဲ့ မားမား... သားက
အခုမှ တစ်လုတ်ပဲရှိသေးတာ။ ပါးပါးက
နှစ်လုတ်တောင်​​ရောက်နေပြီ။ "

" မရဘူး ကိုယ့်ကိုလည်း ခွံ့ မိန်းမိန်း..
သားဆိုးကို နောက်မှခွံ့ "

" ပါးပါးနော်။ "

" သားလေးနော်။ "

" ငါ့ မြေးက အရေးကြီးတယ်။ ငါ့ မြေးကို
အရင်ခွံ့ သမီး..."

" ဟုတ်တယ် မြေးလေးက နံပါတ် တစ်.."

" ချစ်တယ် ဘိုးစည်..ချစ်တယ် ဘိုးတည် "

သူ့  ဘက်ဝင်ပြောပေးလာသော အဘိုး
နှစ်ယောက်ကိုလည်း ချစ်တယ်ပြောဖို့
ဘုန်းဒီလေးက မမေ့။ မိန်းလင်းချယ်ရီနဲ့ 
ဒီမြဲမှော်သည်လည်း ကြည့်ပြီး ကျေနပ်လို့ မဆုံးပေ။
သူမတို့ သားအလည်လေးအတွက်...!

************************

စူပါမန်း အင်္ကျီတွေနဲ့ ဆင်တူဖြစ်နေသော
ဒယ်ဒီ၊ လေးလေးတည်ကြည်မြဲ နဲ့
ဒီမြဲမှော် တို့ကို မိန်း ကြည့်ပြီး ကျေနပ်လို့
မဆုံးပေ။

သားလေးက ဆင်တူဝတ်ရအောင် ဆိုလာတာနဲ့
အကုန်လုံးက လိုက်လျောပေးလာကြသည်။

မိန်းကိုတော့ သားလေးက ပုံမှန်အတိုင်းပဲ
ဝတ်စေသလို ထိုသို့ဝတ်ရအောင်လည်း
မဂျီကျခဲ့ပါ။

" မိန်းမိန်း နော်။ ကိုယ်တို့ကို စိတ်ထဲကနေ
ရယ်ချင်နေတာမှတ်လား။ ရယ်ဖို့ မတွေးနဲ့နော်။
မိန်းမိန်း ယောင်္ကျားက ဒီအဘိုးကြီး
နှစ်ယောက်ထက် ချောတယ်ဗျာ့.. "

 💔💔 ဆုံမှတ်တစ်ခုအလို 💔💔 ( ဒီမြဲမှော်+ မိန်းလင်းချယ်ရီ) Nơi câu chuyện tồn tại. Hãy khám phá bây giờ