P - 41 ( Zg + Uni) 💔💔💔

1.5K 54 2
                                    


💔💔💔 ဆုံမှတ်တစ်ခု အလို 💔💔💔
Part { 41  }

အသားအရေကစ ကြည်လင်ပြီး ဝင်းမွတ်ကာ
ဝတ်ထားတဲ့ အင်္ကျီနဲ့လည်း သူက
လိုက်ဖက်နေလေသည်။

" ရွှတ်.. "

" အို.. "

" ကိုယ့်ကို ကြည့်နေပေးလို့ မိန်းမိန်း ကို ဆုချတာ.. "

ပါးတစ်ဖက်က သူ့ နှုတ်ခမ်းနဲ့ ထိခြင်းခံလိုက်ရ၍
လူက အာမေဋိတ်သံ ထွက်သွားရတော့သည်။
နောက်ဆက်တွဲ သူ့ စကားကြောင့်လည်း
မိန်း မျက်လုံးများကပါ ဝိုင်းစက်သွားရတော့သည်။

" ချောလား မိန်းမိန်း..?  မိန်းမိန်း အမြင်မှာ
ကိုယ်က "

" မချောဘူး.. ."

" မချောဘူးသာ ပြောတာ မိန်းမိန်း က ကိုယ့်ကို
မျက်တောင်မခတ်ကို ငေးကြည့်နေတာနော်။ "

" ဒီတိုင်း ကြည့်​တာ​...!! "

" ဪ ဟုတ်လား ဒီတိုင်းကြည့်တာပေါ့။
ဒါဆို ကိုယ်လည်း မိန်းမိန်း ကို ဒီတိုင်း
ကြည့်အုံးမယ်။ "

မေးဖျားကို ဆွဲယူကာ မိန်း မျက်နှာအား အသေအချာ
ကို ငေးကြည့်နေတာကြောင့် သူ့ ရင်ခွင်ထဲ
ရောက်နေတဲ့ မိန်းမှာသာ နေရတာက ဘယ်လိုကြီးမှန်း
မသိတော့ပါ။

" လွှတ်တော့ ဒီမြဲမှော်..!  လွှတ်...!  "

" ဘာလို့ လွှတ်ရမှာလဲ။ ကိုယ့် မိန်းမိန်း ကို
ဒီတိုင်း ကြည့်တာလေ။ "

မိန်း စကားနဲ့အတူ ချုပ်နှောင်ခြင်း ခံလိုက်ရ၍
မဲ့မိသွားရတော့သည်။

" ရွှတ်....ရွှတ်.. .!! "

" တော်တော့ ..! ငါ့ကို မနမ်းနဲ့ ဒီမြဲမှော် "

ပါးပြင်နှစ်ဖက်ကို ဘယ်ပြန်ညာပြန်နမ်းလာသဖြင့်
သူ့ မျက်နှာကို မိန်း တွန်းထားလိုက်တော့သည်။

" နမ်းရတာ ကောင်းတယ် မိန်းမိန်း ရဲ့ ပါးလေးက... "

" ငါ မကြိုက်ဘူး မနမ်းနဲ့.. "

" ကိုယ့်ကို အဲ့ဒီလိုကြီး မခေါ်ပါနဲ့လား...
ကြားရတာ ကိုယ့် နားကြီးက ခါးခါးသွားတယ်။
ကိုကိုလို့ ခေါ်ပါလား..?  "

" ပိုးဟေသာ ကို ခေါ်ခိုင်းလိုက်..! သူက
နင့်ကို ကိုကိုလို့ ခေါ်နေကြ.. "

 💔💔 ဆုံမှတ်တစ်ခုအလို 💔💔 ( ဒီမြဲမှော်+ မိန်းလင်းချယ်ရီ) Where stories live. Discover now