P - 46 ( Zg + Uni) 💔💔💔

1.3K 48 2
                                    

💔💔💔 ဆုံမှတ်တစ်ခု အလို 💔💔💔
Part { 46  }




" မိန်းမိန်း.. .."

အိပ်ရာနိုးလာတော့ မိန်းမိန်း က ကုတင်ပေါ်မှာ
မရှိတာကြောင့် ဒီမြဲ ငေါက်ခနဲထထိုင်လိုက်မိတော့
သည်။

အိပ်ခန်းအတွင်း၊သန့်စင်ခန်းထဲလည်း
မိန်းမိန်းက မရှိတာကြောင့်
ဒီမြဲ အောက်ကိုသာ ဆင်းလာလိုက်တော့သည်။

" မိန်းမိန်း ဘယ်သွားလဲ.. .? "

" ကျမ မသိပါဘူး ဘော့စ်.. ! "

" တောက်စ်...!!  "

" မိန်းမိန်း ဘယ်သွားလဲ မင်းရော သိလား...?  "

အနားမှာ ရှိသမျှလူတွေကို ဒီမြဲမှော် လိုက်မေးကာ
တစ်ယောက်တည်း ကမ္ဘာတွေ ပျက်လို့နေ၏ ။

-
-
-
-
-
-
-
-
-

" ပြောစမ်းပါအုံး သမီးက အစောကြီး
ဒယ်ဒီ companyကို လာတာပေါ့။
အရင်နေ့တွေကကျတော့ မလာဘူး။
ဘာလဲ ဒီမြဲမှော်က သမီးကို ဒယ်ဒီဆီ
လာဖို့ ပိတ်ထားတာလား...? :

" မဟုတ်ပါဘူး ဒယ်ဒီ...မိန်း ဘာသာမလာတာပါ။
လူက စိတ်နောက်နေတာနဲ့ "

" ကွာရှင်းဖို့ ကိစ္စကြောင့်မလား..?  "

ဒယ်ဒီ စကားက မှန်နေတော့ မိန်း ခေါင်းသာ
ငြိမ့်လိုက်မိတော့သည်။

" သမီး ဘယ်လိုလုပ်ဖို့ တွေးထားလဲ။
ဒီကောင်က သမီးကို လွယ်လွယ်နဲ့
ကွာရှင်းပေးမှာမဟုတ်ဘူး။ "

" မသိတော့ဘူး ဒယ်ဒီ...
မိန်း တကယ်ကို ဘာဆက်လုပ်ရမှန်း
မသိတော့ဘူး။ လမ်းတွေ ပျောက်နေပြီ။ "

" တစ်ခုတော့ သမီး သိထားရမယ်။
ဒီကောင်က သမီး ကလေးရှိနေလို့
ကွာရှင်းမပေးတာ။ ကလေးသာ
မရှိဘူးဆိုရင် သမီးကို ကွာရှင်းပေးမှာ။ "

" ဟင့်အင်း မိန်း မသိဘူး ဒယ်ဒီ. ..
မိန်း မသိတော့ဘူး။ "

" ဖြည်းဖြည်းပေါ့။ ဒယ်ဒီ သမီးက
တော်ပါတယ်။ သူ့ဆီကနေ ဘယ်လိုရုန်းထွက်
မလဲဆိုတာ သမီး ကိုယ်တိုင်တွေးကြည့်ပေါ့။
ဘာမှမခဲယဉ်းဘူး။ ငါ့ သမီးက လုပ်နိုင်
ပြီးသား... "

" ကျွီ...!!  "

" ဘာတွေကို ကျတော့် မိန်းမိန်း က လုပ်နိုင်နေရတာလဲ
ပြောပါအုံး ယောက္ခထီးကြီးရဲ့... "

 💔💔 ဆုံမှတ်တစ်ခုအလို 💔💔 ( ဒီမြဲမှော်+ မိန်းလင်းချယ်ရီ) Where stories live. Discover now