P - 32 ( Zg + Uni) 💔💔💔

1.8K 60 1
                                    

💔💔💔 ဆုံမှတ်တစ်ခု အလို 💔💔💔
Part { 32  }

" နင် ငါ ခိုင်းတဲ့အတိုင်း သေချာမလုပ်ဘူးလား
မုတ်သုံ.. အခု မြဲ နဲ့ မိန်းလင်းချယ်ရီ က
လက်ထပ်တော့မယ်။ အဲ့တာ နင် သိလား။
ပြောစမ်း မိန်းလင်းချယ်ရီ နဲ့ နင် မမှားခဲ့ဘူးလား
အဲ့ဒီနေ့ညက နင် ဘယ်သွားသေနေတာလဲ။ "

" ငါ မူးပြီး အိပ်ပျော်သွားလို့ပါ တိမ်လွှာ ရာ။
အခု ငါတို့ ဘယ်လိုလုပ်ကြမလဲ.. .? "

" တောက်စ်..!  "

ဘာကို ဘယ်လိုလုပ်ရမလဲ မေးနေသဖြင့်
တိမ်လွှာ ဒေါသထွက်ကာ တောက်စ်ခေါက်ပစ်
လိုက်သည်။ အတော် အသုံးမကျတဲ့
မုတ်သုံမ..!!  ဒါလေးခိုင်းတာကို
မအောင်မြင်ဘူး။

" နင် ရူးနေလား မုတ်သုံဦး အခုမှတော့
ဘာလုပ်လို့ ရမှာလဲ..?  သူတို့ လက်ထပ်တာကို
ထိုင်ငေးရုံပဲ ရှိ​တော့တာပေါ့။ အဲ့တာ နင်
စောက်သုံးမကျလို့ ဖြစ်ရတာ။
ဒါပေမဲ့ ငါ အလျှော့မပေးဘူး
ပိုးဟေသာ နဲ့ လမင်းကို ဒီအကြောင်း
ပြောပြီး သူတို့ မင်္ဂလာပွဲ လာဖျက်အောင်
ငါ လုပ်မယ်။ "

အသားတွေ တဆက်ဆက်တုန်ကာ ဒေါသထွက်နေ
သော တိမ်လွှာဖြူကို ကြည့်ကာ
မုတ်သုံဦး တစ်ယောက် တိတ်ဆိတ်နေခဲ့သည်။
သူ့ စိတ်ထဲလည်း ဒီမြဲမှော် နဲ့ မိန်းလင်းချယ်ရီတို့
လက်ထပ်တော့မှာနဲ့ ပတ်သက်ပြီး
မကျေမနပ်ဖြစ်နေလေသည်။

************************

" ငါလည်း သဘောမတူဘူး တိမ်လွှာ
ကိုကို့က အဲ့ဒီမိန်းမကို လက်ထပ်မှာကို... "

" ဟုတ်တယ် ငါရော သဘောမတူဘူး
ဒီမြဲ မိန်းလင်းချယ်ရီ ကို လုံးဝ မယူရဘူး။
ဒီမြဲ သာ ယူလိုက်မယ်ဆိုရင် ငါ အသည်းကွဲမှာ
အခုတောင် ဒီမြဲ ငါ့ကို လမ်းခွဲသွားလို့
ငါ အရမ်းတွေကို ဆောက်တည်ရာမရ
ဖြစ်နေတာ။ ဒါကြောင့် ဒီမြဲ မိန်းလင်းချယ်ရီ ကို
လုံးဝ လက်မထပ်ရဘူး။ ဒါနဲ့ နေပါအုံး
နင်က မတားဘူးလား တိမ်လွှာ
နင် ချစ်တဲ့ မြဲကို နင် ဒီအတိုင်း လွှတ်ထားတော့
မှာပေါ့။ "

" ဟုတ်သား လမင်း ပြောတာမှန်တယ်
နင် တားဖို့ အစီအစဉ် မရှိတော့ဘူးလား...? 
နင် မိန်းလင်းချယ်ရီ နဲ့ ကိုကို လက်ထပ်မှာကို
ဒီအတိုင်းပဲ ကြည့်နေနိုင်တယ်ပေါ့... "

 💔💔 ဆုံမှတ်တစ်ခုအလို 💔💔 ( ဒီမြဲမှော်+ မိန်းလင်းချယ်ရီ) Where stories live. Discover now