P - 6 ( Zg + Uni) 💔💔💔

1.8K 65 1
                                    


💔💔💔 ဆုံမှတ်တစ်ခု အလို 💔💔💔
Part { 6 }



" ဟာ.. ဟုတ်တယ် ဒေါ်စောမူ လက်မှတ်ပဲ။
ဒီလက်မှတ်က... "

" တော်လိုက်တာ ဥက္ကဌသမီးက... "

" အစကတည်းက တော်နေတာလေ
ဒီကလေးမက... သူ့ အဖေကို လာကူလုပ်
ပေးကတည်းက စီးပွားရေး အမြင်ရှိတာ "

" ဒါတော့ အမှန်ပဲ ကျောင်းမပြီးခင်က
လာကူလုပ်ပေးကတည်းက စီးပွားရေး
အမြင်ရှိချက်က 9+ ပဲ "

ရှယ်ယာရှင်တွေ တစ်ယောက်တစ်ပေါက်နဲ့
ချီးကျူးနေတာကို မိန်း ဒယ်ဒီက
ကြည့်ပြီး ပီတိဖြာနေလေသည်။
ဦးဓန ကတော့ မိန်းကို ချီးကျူးနေတဲ့
စကားတွေထဲမှာ မျက်နှာကို မပျက်အောင်
မနည်းမကဲ ထိန်းနေခဲ့သဖြင့် မိန်းမှာ ကြည့်ပြီး
ရယ်လိုက်ချင်စိတ်​ကို မနည်းထိန်းနေရသည်။

ဒီနေ့အဖို့ လုံလောက်သွားပါပြီ။ မိန်း ဒယ်ဒီ
လိုချင်တာတွေကို မိန်း အရယူပေးနိုင်ခဲ့ပြီလေ။


***********************



အပေါ်နံရံမှာ ချိတ်ဆွဲထားတဲ့ မီးဆိုင်းတွေကို
ကြည့်ကာ ခန်းမထဲ ဝင်ဖို့အတွက်
မိန်း သက်ပြင်းချနေရသည်။ ဒီနေ့ည
တကယ့် စီးပွားရေးဆွေးနွေးပွဲကြီးတစ်ခုရှိတယ်လေ။
အဲ့ဒီဆွေးနွေးပွဲက မိန်းတို့ စီးပွားရေးသမားရဲ့
အားထားရာ တစ်ခုဆိုလည်း မမှားပါ။
company အသီးသီးက ဒီပွဲမှာ
ကိုယ်created လုပ်ထားတဲ့ ပစ္စည်းတွေကို
ချပြပြီး ကိုယ်ကြိုးစားခဲ့ရသမျှတွေကိုလည်း
ပြောပြရမှာဖြစ်သည်။

ဒါအတွက်ကြောင့် ဒီမြဲမှော်နဲ့ သူ့အဖေလည်း
ဒီပွဲထဲမှာ ရောက်နေမည်မှာ ကျိန်းသေပေါက်မလွဲပေ။

အဲ့ဒီအခါ မိန်း ဒယ်ဒီနဲ့ ဒီမြဲမှော် အဖေ
ပြဿနာမဖြစ်အောင် မိန်း အတတ်နိုင်ဆုံး
ထိန်းရအုံးမည်။ အခု ဒယ်ဒီက toilet
သွားနေ၍ ပြဿနာကတော့ ရှိမှာမဟုတ်သေးပါ။

ဒီနေ့ည မိန်းရဲ့ ဒီဇိုင်းကလည်း နက်ပြာရောင်
long coatနဲ့ နက်ပြာရောင် ဘောင်းဘီရှည်ပေ။
ဒီလို ဝတ်ရတာကို မိန်း အရမ်းကြိုက်သည်။
ပေါ့ပါးပြီး free style ရစေကာ မိန်းကို
ယုံကြည်မှုရှိစေသည်။ ပါဝါမျက်မှန်ကတော့
ထုံးစံအတိုင်း မိန်းမျက်နှာမှာ နေရာယူနေသည်။
မျက်ကပ်မှန် မတပ်ဘဲ ပါဝါမျက်မှန်ပဲတပ်နေလို့
ဒယ်ဒီကတောင် မိန်းကို ဆူနေခဲ့လည်း
ဒယ်ဒီ အဆူကို မိန်း ကောင်းကောင်းကြီး
ခံကာ ကိုးတန်းတုန်းက ဒီမြဲမှော် လိုက်​တယ်
ဆိုပြီး​ပြောသွားခဲ့တဲ့ ဒီမျက်မှန်လေးကို
တပ်နေခဲ့သည်မှာ အခုထိပေ။ ဒီမျက်မှန်ချွတ်ဖို့
အတွက်က မိန်းအတွက် ဘယ်တော့မှ
ရှိလာမှာမဟုတ်ပါ။

 💔💔 ဆုံမှတ်တစ်ခုအလို 💔💔 ( ဒီမြဲမှော်+ မိန်းလင်းချယ်ရီ) Where stories live. Discover now