P - 30 ( Zg + Uni) 💔💔💔

1.9K 52 2
                                    


💔💔💔 ဆုံမှတ်တစ်ခု အလို 💔💔💔
Part { 30  }

" တောင်းပန်ပါတယ် မုတ်သုံ...
မိန်း တကယ့်ကို တောင်းပန်ပါတယ် "

မုတ်သုံ အနာတွေအား ဆေးထည့်ပေးပြီးတဲ့နောက်
ထိုစကားကို မိန်း ထပ်ခါထပ်ခါ ဆိုနေမိသည်။
မဆိုလို့မှမရ။ မိန်းကြောင့် အခုလို ဖြစ်သွားရတာလေ။
နောက်ပြီး ထိုးလိုက်တဲ့ တရားခံကလည်း
မ​တောင်းပန်​ဘဲ တိမ်လွှာ ​နဲ့   လိုက်​သွားခဲ့တာ​လေ။

" ရပါတယ် လင်းကလည်း ကျတော်က
ဘာမှမဖြစ်ပါဘူး။ ဒါနဲ့လေ ခုဏက
ကျတော် ပြောတဲ့စကား လင်း စဉ်းစားပေးလို့
ရမလားဟင်။ အဲ့တာဆို လင်း အခုဖြစ်နေတဲ့
ပြဿနာတွေကနေ ပြေလည်သွားမယ်ထင်တယ်
လင်း company ကိုလည်း ဘာမှမပူနဲ့
ကျတော့် ဒယ်ဒီ company က ကူပြီး
ခေါ်သွားပေးလိမ့်မယ်။ "

ဆိုလာသော စကားတွေက မိန်းအတွက် ကူညီပေးရုံ
သပ်သပ်လားဆိုတာ မုတ်သုံ ကိုယ်တိုင်မှ
သိမည်။ ဘယ်လိုပဲဖြစ်ဖြစ် မိန်းကတော့
အချစ်မပါတဲ့ အိမ်ထောင်ရေး တစ်ခုကို
မတည်ဆောက်ချင်ဘူး။ ကွဲကြပြဲကြနဲ့ဆိုရင်
နောက်ဆုံး မိန်းကလေး ဖြစ်တဲ့ မိန်းကသာ
နစ်နာမည်။

အထူးသဖြင့် မိန်း မချစ်တဲ့လူနဲ့လည်း ဘဝတစ်ခုကို
မိန်း မတည်ဆောက်ချင်ဘူး။

" မိန်း တောင်းပန်ပါတယ် မုတ်သုံ
အချစ်မပါတဲ့ အိမ်ထောင်ရေးတစ်ခုကို
မိန်း မတည်ဆောက်ချင်ဘူး။ တကယ်လို့
ကလေးတွေ ဘာတွေရလာရင်လည်း မိဘတွေ
အဆင်မပြေတာကို ကြည့်ပြီး သူတို့လေးတွေပါ
စိတ်ဒဏ်ရာ ရလိမ့်မယ်။ နောက်ပြီး မိန်းလည်း
ကိုယ်​ မချစ်တဲ့လူဆီမှာ မိန်း ဘဝကို တစ်သက်လုံး
မြှုပ်​နှံမထားနိုင်ဘူး။ ဒီအတွက် မုတ်သုံ ကို
မိန်း အရမ်းလည်းအားနာပါတယ်။ တောင်းလည်း
တောင်းပန်ပါတယ်။ ဘာပဲဖြစ်ဖြစ် အခုလို
ကူညီပေးတာနဲ့တင် မုတ်သုံ ကို မိန်း
ကျေးဇူးတင်ပါတယ် "

" ကျတော့် အပေါ် လင်း စိတ်မရှိလာနိုင်ဘူးလားဟင်
အမှန်အတိုင်း ဝန်ခံရရင် ကျတော် ကြိုးစားကြည့်
ချင်သေးတယ်။ ဘာလို့ဆို ကျတော်  လင်းကို
စစမြင်ကတည်းက ချစ်မိသွားလို့ပဲ။
အဲ့တာကြောင့် လင်း ကျတော့်ကို ပြန်ချစ်လာအောင်
ကြိုးစားကြည့်ချင်တယ်။ ကျတော် ယုံကြည်တယ်
ကျတော့် အချစ်က စစ်မှန်တဲ့အတွက်
လင်း ပြန်ချစ်လာမယ်လို့။ တကယ်လို့
လင်း တစ်ယောက်ယောက်ကို ချစ်နေတယ်ဆိုရင်တော့
ကျတော် နောက်ဆုတ်ပေးပါ့မယ်။ "

 💔💔 ဆုံမှတ်တစ်ခုအလို 💔💔 ( ဒီမြဲမှော်+ မိန်းလင်းချယ်ရီ) Où les histoires vivent. Découvrez maintenant