P - 9 ( Zg + Uni) 💔💔💔

1.7K 68 5
                                    


💔💔💔 ဆုံမှတ်တစ်ခု အလို 💔💔💔
Part { 9  }




company နဲ့ အိမ်ပြန်​လိုက်​နဲ့ တစ်ပတ်လုံးလုံး
မိန်း သူ့ကို မတွေ့ဖြစ်အောင် ရှောင်နေမိသည်။

အနည်းဆုံးတော့ မိန်းကို  မမြင်ရတဲ့ အတွက်
သူလည်း နာကျင်ရတာ သက်သာသလို
မိန်းလည်း သူ့ စကားတွေကြောင့်
နာကျင်ရလွန်း၍ ထပ်မကြားနိုင်တော့လို့
ရှောင်နေတာဆိုရင် ပို၍ မှန်မည်။

" မမိန်း က အရမ်းတော်တာပဲ
အခု ဈေးကွက်မှာ ညီမတို့ တင်ဒါက
ထိုးဖောက်နေပြီ သိပ်မကြာခင်မှာ
တစ်စထက် တစ်စ ညီမတို့ The Main
company ကို ပိုပြီး လူသိများတော့မယ် "

ဘေးနားက မိန်း အတွင်းရေးမှူးမလေး
ထူးထူးပန် စကားပြောမှ အတွေးစတို့က
ပြတ်သွားရသည်။

" တအားကြီးလည်း လူသိမများသေးပါဘူး ထူးပန်
အခု ငါတို့ company က DMM Company နဲ့လည်း အပြိုင် ဖြစ်နေတယ်မဟုတ်လား...? "

" ဟုတ်တယ် မမိန်း DMM Company က
ဟိုတစ်ပတ်က ညီမတို့ ဝယ်မယ့် မြေကွက်ကို
လုယူသွားတဲ့ သူတွေလေ "

ဒီမြဲမှော် နဲ့ မိန်း အကြောင်းကို မသိသေး၍
လုယူသွားတဲ့ သူတွေလို့ ဆိုလာသော
ထူးထူးပန် ကို မိန်း အထွေအထူး
ရှင်းပြမနေခဲ့ပါ။ ရှင်းပြရအောင်လည်း
အစကတည်းက တစ်ယောက်တည်း
ခံစား တတ်တာကိုက အကျင့်ဖြစ်နေပြီ။

" ဒယ်ဒီ ဘယ်သွားလဲ ထူးပန် "

" စီရာမင်း company က ထမင်းစားဖို့
ချိန်းလို့ သွားတွေ့တယ် မမိန်း..
မမိန်း ရော ထမင်းစားတော့မလား
ထူးပန် ပြင်လိုက်ရမလား...?  "

" ရတယ် ထူးပန် ငါ မစားသေးဘူး
ဒီနေ့ နေ့လည် အချိန်စာရင်း ငါ့ကို
ပြန်ပြောကြည့်အုံး။ မနက်က ခေါင်းနောက်နေတာနဲ့
နေ့လည် အချိန်စာရင်း သေချာနားမထောင်
လိုက်ရဘူး။ "

" ဟုတ် မမိန်း ဒါဆို ထူးပန် ပြောမယ်နော်
တစ်နာရီ ထိုးရင် ရန်ကုန်က
ဆိုက်တွေကို မမိန်း သွားကြည့်ရမယ်။
နှစ်နာရီကျရင် မဟာ companyနဲ့
မမိန်း သွားတွေ့ရမယ်။ ပြည်ပကို
တင်သွင်းမယ့် ထူးပန်တို့ ထုတ်ကုန်တွေ
ဘာတွေလိုအပ်နေသေးလဲဆိုတာကိုရော
မမိန်း တစ်ချက်လောက် ပြန်စစ်ကြည့်ပေး
ရမယ်။ ကျန်တာကတော့ ထူးပန် ယူလာတဲ့
မနက်က စာရင်းတွေကို မမိန်း လက်မှတ်ထိုး
ပေးရမယ်။ "

 💔💔 ဆုံမှတ်တစ်ခုအလို 💔💔 ( ဒီမြဲမှော်+ မိန်းလင်းချယ်ရီ) Where stories live. Discover now