P - 19 ( Zg + Uni) 💔💔💔

2.3K 87 9
                                    


💔💔💔 ဆုံမှတ်တစ်ခု အလို 💔💔💔
Part { 19  }





စကားတွေက အရမ်းလွန်နေပြီ ဖြစ်၍ မိန်း
စိတ်မထိန်းနိုင်တဲ့အဆုံး ရိုက်လိုက်မိတာကို
သတ်တော့မလို အကြည့်နဲ့ စိုက်ကြည့်နေတာ
ကြောင့် မိန်းဘက်ကလည်း
ပြန်လည် စိုက်ကြည့်ပေးလိုက်သည်။

မိန်း မမှားဘူး။ သူ အဲ့ဒီလို ပြောလို့ မိန်း
ရိုက်လိုက်တာ။ အရင်ကစိတ်နဲ့ဆို မိန်း
သည်းခံနေအုံးမှာ။ အခုတော့ သူ့ကို
ဆက်ပြီး သည်းခံစရာ မိန်းမှာ ဘာအကြောင်းမှ
မရှိတော့။

လျှပ်တပြက်ဆိုသလို မိန်းထံဆီကို ရွယ်လာသော
သူရဲ့ လက်ကြောင့် မျက်လုံးက အလိုအလျောက် မှိတ်
လိုက်​မိတာ စက္ကန့်​အနည်းငယ်သာ ကြာသွားတယ်။
မိန်း မျက်နှာထက်ကို ဘယ်လက်ဝါးမှ
ရောက်မလာတော့ ပြန်ဖွင့်ကြည့်လိုက်မိတော့သည်။

လက်သီးကို တင်းတင်းဆုပ်ထားပြီး မျက်လုံးမှိတ်
ထား​သော မိန်းလင်းချယ်ရီ ကို ကြည့်ကာ
ဒီမြဲမှော် ပြန်ရိုက်ဖို့ ဆွံ့အနေမိသည်မှာ
မိန်းလင်းချယ်ရီ မျက်လုံးပြန်ဖွင့်လာတဲ့အချိန်ထိပေ။

သူ ဘာဖြစ်သွားတာလဲ...။  ဒီမိန်းမကို ပြန်ရိုက်
ရမှာလေ။ သူ တစ်ချက် ကိုယ်တစ်ချက်ပေါ့။
မိန်းကလေး ဖြစ်တာနဲ့ ငဲ့ညှာလိုက်ဖို့ သူ့မှာ
ရာဇဝင်မရှိဘူး။

ဒီမြဲ အားတင်းပြီး လက်သီးကို ပြန်ဆုပ်ကာရှိသေး
သူ့ကို စိုက်ကြည့်နေသော မိန်းလင်းချယ်ရီ ကြောင့်
လက်တွေက အားမရှိစွာနဲ့ ပြန်ချသွားရင်း
ကနေ သူ လုပ်လိုက်မိသည်က
ထိုမိန်းမ ခါးကို ဆွဲယူမိလိုက်တာပင်။

ရင်ခွင်ထဲ ရောက်လာသော ကိုယ်သေးသေးလေးကို
ဒီမြဲမှော် မြဲမြံစွာ ပွေ့ထားရင်း မိန်းလင်းချယ်ရီ
ကို စိုက်ကြည့်ရာကနေ တပ်ထားတဲ့
ပါဝါမျက်မှန်ကို ဆွဲယူပစ်​လိုက်သည်။

မိန်း ကိုယ်လေးကို ဒီမြဲမှော် ဆွဲသွားတဲ့အထိ
လူက ကြောင်နေမိသည်။ ဘာလို့ဆို သူ
တစ်ခုခုပြန်လုပ်ဖို့ပြင်နေရာကနေ မိန်းကို
ဘာမှမလုပ်ဘဲ အခုလိုလုပ်လိုက်ခြင်းကြောင့်ပေ။

အသိဝင်လာတော့ မိန်း ကိုယ်လေးက
သူ့ ရင်ခွင်ထဲ ဝင်လုမတတ်ဖြစ်နေပြီး
ထို့အတူ မိန်းရဲ့ ပါဝါမျက်မှန်လေးကိုလည်း
သူက ဆွဲယူသွားတာကြောင့် အမြင်အာရုံတွေက
ဝေဝါးသွားခဲ့ရသည်။

 💔💔 ဆုံမှတ်တစ်ခုအလို 💔💔 ( ဒီမြဲမှော်+ မိန်းလင်းချယ်ရီ) Où les histoires vivent. Découvrez maintenant