P - 50 ( Zg + Uni) 💔💔💔

1.3K 51 1
                                    

💔💔💔 ဆုံမှတ်တစ်ခု အလို 💔💔💔
Part { 50  }

"  သမီးလေး ထမင်းစားလိုက်အုံးနော်။ "

" ဟင့်အင်း မစားချင်ဘူး။ "

" လိမ်မာပါတယ် သမီးလေးကလည်း...
ဒါမှ သမီး ဗိုက်ထဲက ကလေးလေးကလည်း
ကျန်းမာမှာပေါ့။ "

" ဗိုက်ထဲမှာ ကလေးလေး ရှိနေတာပေါ့ "

" ဒါပေါ့။ ဒါကြောင့် သမီးလေးက ထမင်းစားရမယ်လေ။ "

" ဟုတ်လား..?  "

ပြန်မေးလာသော သမီးမိန်းကို ဦးတည်ကြည်မြဲ
ပြုံးပြီး ခေါင်းသာငြိမ့်ပြလိုက်တော့သည်။
စည်သူလင်း နဲ့ သူ့ သားကို တွေ့တာနဲ့
ကြောက်ပြီး ငိုနေသော သမီးမိန်း။

ဒီလိုဖြစ်နေတာ တစ်လပြည့်တော့မယ်လေ။
တစ်ခါတစ်လေ ကျတော့ စိတ်ဖောက်တတ်လို့
စောင့်ကြည့်နေရသည်။

**********************

" ကလေးက မွေးခါနီးနေပြီ။ သမီးမိန်းက
ဒီလိုပုံနဲ့ဆိုရင် အဆင်မပြေဘူး။
ဒါဆို ကလေးမွေးဖို့ ဖြစ်နိုင်မယ်မထင်ဘူး။ "

" ဒါဆို ကျတော်တို့ ဘယ်လိုလုပ်ကြမလဲ။
လုပ်ပါအုံး ဒယ်ဒီ ရာ။ ကျတော့် ကို
တစ်ခုခုကူညီပေးပါအုံး။ ကျတော့် မိန်းမိန်း ကို
ကယ်ပါအုံး။ "

" ငါ့ သမီးလေးကို ကယ်ပေးပါအုံး
တည်ကြည်မြဲ..!  ငါ တောင်းပန်ပါတယ်။
အခု သမီးက မင်းနဲ့ကျမှ နေလို့ပါ။
ငါ တွေ့လို့မရဘူးကွာ။ ငါ့ကို ကူညီပေးပါအုံး။
ငါ့ သမီး တစ်ခုခုဖြစ်သွားလို့မရဘူး။ "

" အေး ကူညီမယ်။ အခု ငါ ပြောတာကို
သေချာနားထောင်။ သမီးမိန်း ကို
ဗိုက်​ခွဲ​မွေးခိုင်းပြီးတာနဲ့ နိုင်ငံခြားကို ငါ
ဆေးကုဖို့ ခေါ်သွားမယ်။ အဲ့တာကြောင့်
မင်းတို့ နှစ်ယောက်က မြေးလေးကို
စောင့်ရှောက်နေရင်းနဲ့ ကျန်နေခဲ့။ "

" ဘယ်နှနှစ်ကြာမှာလဲ ဒယ်ဒီ...
ကျတော် လာတွေ့လို့ရမလား..?  "

" ငါရော လာတွေ့လို့ရမလား..  ? "

" တော်လိုက်ကြ နှစ်ယောက်စလုံး..!
သမီးမိန်း ပြန်ကောင်းတာမြင်ချင်တယ်ဆိုရင်
မင်းတို့ နှစ်ယောက်စလုံးနေခဲ့လိုက်ကြ..
မဟုတ်ရင်​တော့ လာတွေ့ကြပေါ့။ "

 💔💔 ဆုံမှတ်တစ်ခုအလို 💔💔 ( ဒီမြဲမှော်+ မိန်းလင်းချယ်ရီ) Where stories live. Discover now