ꜱɪᴅᴇ ᴛᴏ ꜱɪᴅᴇ:1

618 22 9
                                    

Unicode ver

“မွေးနေ့မှာ ပျော်ရွှင်ပါစေ ချောင်ချောင်”

“ကျေးဇူးပါ ကိုကို”

ကျေးဇူးတင်စကားပြောရင်း ရင်ခွင်ထဲဝင်ကာ
မျက်လုံးတွေမှိတ်သည်အထိ ပြုံးလိုက်တဲ့
ချောင်ချောင်က ပတ်ခ်ဂျောင်ဝူးရဲ့ တစ်ဉီးတည်းသော ချစ်ရသည့်ကလေးလေး။

“ကိုကို့ကို စိတ်ဆိုးနေသေးလား ချောင်ခေ​ျာင်..”

“ဟင့်အင်း စိတ်မဆိုးတော့ပါဘူး..မေမေကြီးက
ပြောတယ် ကိုကိုက အရမ်းအလုပ်များတာတဲ့”

“ချောင်ချောင်က လိမ္မာလိုက်တာ အဲ့တာကြောင့်
ကိုကိုက ချစ်တာ..”

“ချစ်ရင် အူးမွပေး ကိုကို”

လက်ညိုးဖွေးဖွေးလေးတွေကို နှုတ်ခမ်းပေါ်တင်
ရင်း ချောင်ချောင်က ပြောလာသည်။ဒီအတတ်ကောင်းတွေ သူ့ကလေးကို ဘယ်သူသင်ပေးလိုက်
တာလဲ။

“ကိုကို!”

“ဒီနှုတ်ခမ်းလေးကို နမ်းရမယ်လို့ ချောင်ချောင့်ကို
ဘယ်သူက သင်ပေးလိုက်တာလဲ ကိုကို့ ကိုပြော
စမ်းပါဉီး..”

“အာဂျူးရှီးလေ ကိုကိုသိတယ်မလား”

“အင်း ကိုကိုသိတယ်”

ယိုရှီနိုရီကတော့ အတတ်ကောင်းတွေ သင်ပေးလိုက်ပြန်ပြီဟု ဂျောင်ဝူး စိတ်ထဲမှ ကျိန်စာဆဲ
လိုက်သည်။

“အဲ့တာဆို အူးမွပေးတော့လေ ကိုကို..”

“ဒါက အသက်ပြည့်မှ ပေးရတာ ချောင်ချောင်ရဲ့..
အခုမှ ချောင်ခေ​ျာင်က ၁၇ နှစ်ရှိသေးတာလေ”

“ဟင် အဲ့တာဆို ကိုကိုက အူးမွမပေးဘူးပေါ့”

“ဒါပေါ့ ချောင်ချောင်ရဲ့”

“ဟွန့် ကိုကိုနော်...အာဂျူးရှီးပြောတဲ့အတိုင်း
ချစ်သူ တွေ့နေပြီလား!”

“ဟမ်! ယိုရှီနိုရီက ချောင်ချောင်ကို အဲ့လိုပြောထား
တာလား?”

ꜱɪᴅᴇ ᴛᴏ ꜱɪᴅᴇWhere stories live. Discover now