ꜱɪᴅᴇ ᴛᴏ ꜱɪᴅᴇ:4

140 14 1
                                    

Unicode ver

{ဒီအပိုင်း၌ ပါရှိပါ အကြောင်းအရာများသည်
မည်သည့်နိုင်ငံ၏ ယဉ်ကျေးမှုနှင့်အထက်လူကြီးကိုမှ ထိခိုက်စေလိုစိတ်မရှိပါ}

~

အီဖယ်တာ၀ါအနီးရှိ ဟိုတယ်၌ အခန်းတစ်ခန်းယူလိုက်သည်။ဆိုဂျောင်ဟွမ်ကတော့ သူ့ဟာသူ ကြည့်ကြပ်နေလိုက်မယ်ဆို သဖြင့် သိပ်တော့ အလုပ်ရှုပ်ဖွယ်ရာမရှိ။

“ရေချိုးပြီးရင် ကိုကို ညစာမှာပေးမယ်နော်
ချောင်ချောင်”

“ဟုတ် ကိုကို...”

“ဒါဆို ကိုကိုရေသွားချိုးတော့မယ်...”

“မြန်မြန်ချိုးနော် ကိုကို...အအေးပတ်နေဉီးမယ်”

“ဟုတ်ကဲ့ပါဗျ”

ကလေးငယ်အား စိတ်မချသဖြင့် ရေကို
သွက်သွက်ချိုးလိုက်သည်။ဗိုက်ဆာနေရင်
ဘယ်လိုလုပ်မလဲ။

“ကိုကို...ဒီမှာ ချောင်ချောင် အင်္ကျီထုတ်ပေးထားတယ်”

“ဟား ချစ်စရာလေးကွာ”

“အင့် ကိုကို...ယားတယ်”

ကလေးငယ်အား နောက်ကျောမှ သိုင်းဖက်၍ နားထင်စလေးကို ခပ်ဖွဖွ နမ်းရှိုက်ရင်း ပုခုံးသားလေးကိုပါ နမ်းလိုက်တော့ ကလေးငယ်က
တခစ်ခစ်ရယ်သည်။

“ချစ်တယ်...ချောင်ချောင်”

“ချောင်ချောင်လည်း ချစ်တယ်”

ကလေးငယ်ကို ကုတင်ပေါ်၌ ထိုင်စေရင်း
အင်္ကျီကို လျင်မြန်စွာ ၀တ်ဆင်လိုက်ပြီးသည်နှင့်
ဟိုတယ်က အစားစာအချို့အား မှာပေးလိုက်သည်။အစား ဂျေးမများသူလေး ဖြစ်တာကြောင့် ဂျောင်ဝူးစီစဉ်ပေးတာကိုသာ ခေါင်းလေးငြိမ့်ကာ လက်ခံရှာသည်။

“ဖုန်းလိုချင်လား...ချောင်ချောင်”

“ဟင်...ကိုကိုက ၀ယ်ပေးမလို့လား”

“အင်း ကိုကို၀ယ်ပေးဖို့ တွေးနေတာ...
ဒါပေမယ့် ချောင်ချောင်က ကတိတစ်ခု
ပေးရမယ်”

“ဘာကတိလဲ ကိုကို”

“ကိုကိုနဲ့မသိတဲ့ လူတွေကို ချောင်ချောင်
စကား‌မပြောရဘူး၊အကောင့်လက်မခံရဘူး”

ꜱɪᴅᴇ ᴛᴏ ꜱɪᴅᴇWhere stories live. Discover now