Unicode ver
ကိုရီးယားနိုင်ငံ
ပတ်ခ်အိမ်တော်၌ငှက်ကလေးတွေရဲ့ တကျီကျီမြည်သံနဲ့အတူ ပုံမှန်ပဲတိုက်ခတ်နေသည့် မနက်ခင်းလေပြေလေးက ခန်းစီးလိုက်ကာအား ဖြတ်၍ အခန်းကျယ်ထဲသို့ ၀င်ရောက်လာသည်။လေပြေတွေ၏ တိုးဝှေ့ကျီစယ်မှုကြောင့် အိပ်ယာပေါ်တွင် အိပ်နေသည့် ကောင်လေးသည်လည်း လှုပ်လှုပ်
ရွရွဖြစ်လာဝောာ့သည်။အိပ်ချင်မူးတူးဖြင့် ထထိုင်လိုက်သူက
ပတ်ခ်ချောင်ချောင်။ဘေးဘီအား ဝေ့ကြည့်လိုက်ရင်း မျက်နှာ၌လည်း အပြုံးလေးတစ်ခုပေါ်ထွန်းလာခဲ့သည်။'အိမ်တောင် ရောက်နေပြီပဲ...'
အိပ်ယာပေါ်မှ အမြန်ခုန်ဆင်း၍ မျက်နှာပင်မသစ်ဘဲ အောက်ထပ်သို့ စက္ကူလေးပမာ ပေါ့ပါးစွာ ပြေးဆင်းလာသည်။
"အာဂျူးရှီး..."
သူ့ခေါ်သံကြောင့် မီးဖိုချောင်ထဲမှ ရှီဟိုက
အေပရွန်၀တ်ထားလျက်ဖြင့် ထွက်လာသည်။"ဟင်...ရှီဟို"
"မျက်နှာရောသစ်ခဲ့ရဲ့လား ဂျစ်တူးလေး...
ဂျစ်တူးလေးရဲ့ကိုကိုနဲ့ ယိုရှီက အလုပ်ကိစ္စကြောင့် အပြင်ခနသွားတယ်"စိတ်ရှည်စွာဖြင့် စကားတစ်လုံးခြင်းကို အေးဆေးစွာ ပြောပြနေသည့် ရှီဟိုက သူ့ကိုကြည့်ပြီး ပြုံးနေသေးသည်။
"ဟီး...အဲ့တာဆို ချောင်ချောင် မျက်နှာသွားသစ်လိုက်ဉီးမယ်"
"ဟုတ်ပါပြီ...မြန်မြန်ဆင်းလာခဲ့နော်...ဂျစ်တူးလေးအကြိုက်တွေ ရှီဟိုလုပ်ထားပေးတယ်"
"နဲလ် ရှီဟို"
အိမ်ပေါ်ကို ကစုန်ပေါက်ပြီး တက်သွားသည့် ဂျစ်တူးလေးကို ကြည့်၍ မာရှီဟိုမှာ
စိတ်ပူနေသည့်ကြားမှ ပြုံးမိပြန်သည်။အဲ့ကလေးက တကယ့်ချစ်မွှေးလေး။ဆယ်မိနစ်လောက်ကြာတော့ မနက်စာဝိုင်းစီ ရောက်လာသည့် ဂျစ်တူးလေးက မျက်နှာပိုးမသေဘဲ ပြုံးစိစိဖြစ်လာသည်မို့ မာရှီဟိုမှာ မနေနိုင်ဘဲ အမေးထုတ်ရတော့သည်။
"ဂျစ်တူးလေး...မျက်နှာသစ်ပြီးပြန်လာမှ ဘာလို့ ဒီလောက်ပြုံးနေတာတုန်း"