ꜱɪᴅᴇ ᴛᴏ ꜱɪᴅᴇ:11

91 10 0
                                    

Unicode ver

တစ်လခန့်ကြာသော်

ကိုမာ၀င်နေဆဲဖြစ်သည့် ယိုရှီနိုရီကြောင့် ဂိုဏ်းမှအလုပ်တွေရော ကုမ္ပဏီအလုပ်
တွေပါမကျန် ချောင်ချောင့်ကို သွားရှာရတာပါရော၍ ပတ်ခ်ဂျောင်ဝူး၏ မျက်ကွင်းတွေက အညိုရောင်သမ်းစပြုနေလေပြီ။‌စားပွဲပေါ်ရှိ ဖိုင်အပုံလိုက်ကိုကြည့်၍ ‌ဂျောင်ဝူး သက်ပြင်းချလိုက်မိသည်။ဒါတွေအကုန်လုံးကို ဒီနေ့အပြီး လက်မှတ်ထိုးရဉီးမည်။

"ဘောစ့်...TAT ကုမ္ပဏီက စီအီးအိုရောက်နေပါပြီ"

"အွန်း အထဲကိုလွှတ်လိုက်"

Suits ကိုသေချာပြင်ပြီး ဖိုင်တွဲတွေကို စစ်ရင်း လက်မှတ်ထိုးနေလိုက်သည်။တအောင့်အကြာမှာတော့ TAT ရဲ့စီအီးအိုဆိုသူက ဂျောင်ဝူးရှေ့၌ ၀င်ထိုင်သည်။

"တွေ့ရတာ ၀မ်းသာပါတယ် စီအီးအို ပတ်ခ်ဂျောင်ဝူး"

"ထပ်တူ၀မ်းသာပါတယ် စီအီးအိုကင်မ်အွန်ဒူ"

ကမ်းပေးလာသည့် TAT ရဲ့စီအီးအိုလက်ကို ဂျောင်ဝူးဘက်မှ လေးစားသမှုဖြင့် ပြန်လည် လက်ဆွဲနှုတ်ဆက်လိုက်သည်။

"ကိုယ်က ရှယ်ယာ၀င်ချင်တာရော...အဲ့ဘက်က စီအီးအိုကို ကူညီချင်တာရောကြောင့် လာကမ်းလှမ်းတာပါ"

"ရှယ်ယာ၀င်ချင်တာက ဟုတ်ပါပြီ။ကိုယ့်ကို ကူညီချင်တာက? ဘာများပါလဲ"

"အဲ့က ဂျောင်ဝူးရဲ့ ယွန်းဂျယ်ဟျော့ဆိုတဲ့ ကောင်လေး..ဟင်း သူပျောက်သွားတဲ့အကြောင်းကိုပါ"

မျက်မှန်အောက်က ဂျောင်ဝူး၏ မျက်၀န်းတွေက တည်ငြိမ်နေသော်လည်း ကင်မ်အွန်ဒူ ပြောလာမဲ့စကားကို စောင့်နေပုံပေါ်သည်။ကင်မ်အွန်ဒူက ပြုံးရင်းဖြင့်-

“ကိုယ့်ဆန္ဒက Y.K.V. ဂိုဏ်းရဲ့ တည်နေရာကိုပြပေးချင်တာပါပဲ”

“အပေးအယူက?”

“အိုဗျာ မလိုအပ်တာ ။ လိပ်ပြာသန့်သန့်နဲ့ ကူညီတာမို့ ယုံကြည်စေချင်ပါတယ်”

ဂျောင်ဝူး ခေါင်းငြိမ့်ပြလိုက်သည်။ကင်မ်အွန်ဒူက ဘယ်သူလဲဆိုတာ ပတ်ခ်ဂျောင်ဝူးမသိ။ဘာပဲဖြစ်ဖြစ် ဘယ်သူမဆို ကိုယ်သာအမြတ်မရရင် အခြားသူကို ဘယ်လိုလုပ်ကူညီပါ့မလဲ။

ꜱɪᴅᴇ ᴛᴏ ꜱɪᴅᴇWhere stories live. Discover now