ꜱɪᴅᴇ ᴛᴏ ꜱɪᴅᴇ:10

106 11 4
                                    

Unicode Ver

“ပတ်ခ်ချောင်ချောင်က လူလွတ်မဟုတ်ဘူး..နိုရီ”

“ဂျောင်ဝူးကို အသိပေးပြီးပြီလား John”

“ကျွန်တော်ပြောတာကို ဂျောင်ဝူးက လက်ခံမှာမဟုတ်ဘူး နိုရီ”

တိတ်ဆိတ်သွားသည့် စကားဝိုင်းနှင့်အတူ မျက်နှာချင်းဆိုင်ထိုင်နေသည့် လူနှစ်ယောက်ဟာလည်း အတွေးများနေကြသည်။

“နှစ်လလောက် ကျွန်တော် ဩစတြေးလျကို ပြန်ရမှာ နိုရီ...။ဂျောင်ဝူး ပတ်ခ်ချောင်ချောင်နဲ့ရှိနေမှာကို ကျွန်တော်စိတ်မချဘူး”

ဆိုဂျောင်ဟွမ်၏ စကားကို ယိုရှီနိုရီက နားလည်ကြောင်း ခေါင်းငြိမ့်ပြသည်။ဆိုဂျောင်ဟွမ်ကတော့ သက်ပြင်းတွေချနေ၏။

“ခုလက်ရှိကျွန်တော်တို့ ဂိုဏ်းမှာလည်း သူလျှိုက ရှိနေဆဲပဲ နိုရီ။ဒီအတိုင်းသာဆို ပတ်ခ်ချောင်ချောင်ကိုလည်း ယုံကြည်လို့ မရဘူး”

“ကင်မ်ဂျွန်ဂယူဆိုတဲ့ လူနဲ့ ပတ်ခ်ချောင်ချောင်က နက်နဲတဲ့ဆက်ဆံရေးရှိတယ်..။ဒါကပဲ ဂိုဏ်းကိုဆွဲချလို့ရတဲ့ ဟာကွက်ကြီး တစ်ခုဖြစ်သွားမှာ နိုရီ။အဲ့တာကို ကျွန်တော်မလိုလားဘူး”

ဒီတစ်ခါသက်ပြင်းချရသူက ယိုရှီနိုရီ။ဂျောင်ဝူးကို ဘယ်လိုပုံစံနဲ့များ ရှင်းပြ၊ပြောပြရပါ့မလဲ။ဂျောင်ဝူး မပြောနှင့် ယိုရှီနိုရီကိုယ်တိုင်တောင် ‌ချောင်ချောင့်အပေါ် သံယောဇဉ်တွယ်တာနေပြီလေ။ရုတ်တရက်ကြီးသာဆို ချောင်ချောင့်အ
ပေါ်ခံစားချက်ရှိနေသည့် ဂျောင်ဝူးက ထိန်းမရ သိမ်းမရဖြစ်သွားလိမ့်မည်။

“အဲ့တာကို ငါ့တာ၀န်သာထားလိုက် John..။ပြန်တဲ့ နှစ်လတော့ အန်ကယ်နဲ့ အန်တီနားမှာပဲ ဂရုစိုက်ပြီး နေ‌ပေးလိုက်ဉီး”

“မင်းမှာလည်း မိသားစုအားလပ်ချိန်တော့ ရှိသင့်တာပေါ့ကွာ”

“ကျွန်တော့်သူငယ်ချင်းကို သေချာဖြောင့်ဖျပြီး ပြောပေးပါ နိုရီ။ကျွန်တော် သူ့ကို မနာကျင်စေချင်ဘူး..”

“အေးပါ...။ငါက သူ့ဉီးလေးပါကွ ငါ့တာ၀န်သာထားလိုက်”

ယိုရှီ၏ စကားကို ဆိုဂျောင်ဟွမ်က အပြည့်အ၀ယုံကြည်မဲ့သူမဟုတ်ဘူးဆိုတာ ယိုရှီသိ၏။မတတ်နိုင် ဘယ်လောက်သံယောဇဉ်ရှိရှိ ဖြတ်သင့်တဲ့အချိန်ရောက်လာရင် ဖြတ်ပစ်ရမှာပဲလေ။

ꜱɪᴅᴇ ᴛᴏ ꜱɪᴅᴇWhere stories live. Discover now