ꜱɪᴅᴇ ᴛᴏ ꜱɪᴅᴇ:15

83 9 7
                                    

Unicode Ver

ညအိပ်မီးသီးအကူအညီနဲ့ ကုတင်အနီးတစ်ဝိုက်က လင်းနေသည်။ဂျောင်ဝူးနဲ့ ချောင်ချောင့်ကြားတွင်တော့ ဖက်လုံးတစ်လုံးက နေရာယူကာ စည်းခြားပေးထားသည်။ရေချိုးခန်းထဲက အဖြစ်အပျက်ပြီးတော့ အခန်းခွဲအိပ်ဖို့ အကြောင်းဖန်လာသည်မို့ ဂျောင်ဝူးဘက်ကပဲ ဖက်လုံးခြားအိပ်မယ်ဟုဆိုကာ မရမက တင်းကြပ်ထားရသည်။ဒါတောင်မှ ချောင်ချောင်က ကျေနပ်ဟန်မပေါ်၊သို့ပေမယ်လို့ ဘာမှမပြောဘဲ နောက်ကျောပေး၍သာ အိပ်စက်သွားသည်။

ရင်းနှီးနေတဲ့ အသက်ရှူသံမျှင်းမျှင်းက တိတ်ဆိတ်နေတဲ့ အခန်းထဲ၀ယ် ပြန့်လွှင့်‌လို့နေသည်။ချောင်ချောင်က ဂျောင်ဝူးကို ကျောပေးထားသော်ညား ဂျောင်ဝူးကတော့ ထိုကျောပြင်ဘက်ကို မျက်နှာမူထားကာ မနက်ဖြန်အတွက် အတွေးနယ်ချဲ့မိပြန်သည်။

မနက်ခင်းနေရောင်ခြည်က လိုက်ကာမှတစ်ဆင့် မျက်နှာကို တို့ထိလာပြီမို့ ဂျောင်ဝူး ထထိုင်လိုက်သည်။ဆံပင်တွေကို လှန်တင်ပြီး ဘေးဘီကိုဝေ့ကြည့်မိတော့ ချောင်ချောင်က ရှိမနေ၊အစောကြီး နိုးနေပြီထင်သည်။

ရေချိုးပြီး ကုမ္ပဏီသွားဖို့ရာ ပြင်ဆင်ရသည်။ကုမ္ပဏီသွားဖို့ဆိုတာထက် ကလေးငယ်ရဲ့ ကျောင်းကိစ္စ အ၀၀ကို ပြန်လည်ကာ အချိန်ညှိပေးရန်ဆိုတာက ပိုမှန်မည်။ထွက်မပြေးမှန်းသိပေမယ့်လို့ ကင်မ်ဂျွန်ဂယူရဲ့ သတင်းကလည်း ပျောက်နေတာတစ်ကြောင်း၊စိတ်မချတာက တစ်ကြောင်းမို့ အခုလို စီစဉ်ဖို့ ဆုံးဖြတ်လိုက်ရခြင်းသာ။

အိမ်အောက်ထပ်က ထမင်းစားခန်း၌ မေမေကြီးနဲ့အတူ အချိန်ဖြုန်းနေသည့် ချောင်ချောင်ကိုမြင်မှဘဲ ဂျောင်ဝူးရဲ့တစ်နေ့တာရဲ့ မနက်ခင်းက ပြည့်စုံသွားတော့သည်။ချောင်ချောင်က ထုတ်၀တ်ခဲလှသည့် style pant နဲ့ hoodie ကို သေချာ၀တ်ဆင်ထားသည်မို့ ဂျောင်ဝူးမျက်လုံးထဲ၌ တစ်မျိုးကြည့်ကောင်းနေပြန်သည်။

" သခင်ကြီး .. မနက်စာစားတော့မလား "

မေမေကြီးရဲ့ အမေးကိုဂျောင်ဝူး ခေါင်းခါပြလိုက်သည်။ချောင်ချောင်ကတော့ သူနဲ့မဆိုင်သလိုပင် ခေါင်းတောင်လှည့်မလာခဲ့၊ဂျောင်ဝူးက ဖျော့တော့စွာပြုံးပြီး-

ꜱɪᴅᴇ ᴛᴏ ꜱɪᴅᴇWhere stories live. Discover now