ꜱɪᴅᴇ ᴛᴏ ꜱɪᴅᴇ:2

177 19 5
                                    

Unicode ver

go gi အဖြူရောင် ကျောက်တုံးလေးအား လက်ညှိုးနှင့် လက်မကိုအသုံးပြု၍ ကိုင်ထားသည့် ချောင်ချောင်က ဂိမ်းကိုအဆုံးသတ်ဖို့ အားသန်နေသည်မှာ မျက်ဝန်းတွေကို ကြည့်ရုံဖြင့် သိနိုင်
သည်။

“140..ဟွန်းးး ကိုကို ရှုံးပြီ~~”

မထူမပါးရှိသည့် နှုတ်ခမ်းဖူးဖူးလေးအား ဖိကိုက်
ရင်း ကလေးငယ်က ရယ်သွမ်းကာ ပြောလာသည်။

“ကိုယ့်ချောင်ချောင်တောင် go gi ဆော့တာ
တော်လာပြီ...ဟူးး ကိုကိုတော့ အနိုင်ကျင့်ခံ
ရတော့မယ်နဲ့ တူပါရဲ့..”

“ခစ်ခစ်...အပိုတွေပြောပြန်ပြီ ကိုကိုရာ..
ပေးထားတဲ့ ကတိတည်ရမှာနော်~~”

go gi board ပေါ်အား မေးတင်ကာ ကြောင်ပေါက်လေးလို ချွဲနေသည့် ချောင်ချောင်က
အိတ်ကပ်ထဲ ထည့်သိမ်းချင်စရာကောင်းလှသည်။

“ကိုကို့ ကတိ ကိုကိုတည်ပါ့မယ်ဗျာ..
ကဲ ပြော..ဘာလုပ်ချင်လဲ”

သူ့(ဂျောင်ဝူး)အမေးကြောင့် ချောင်ချောင်က
ရယ်သွမ်းရင်းဖြင့် သူ့(ဂျောင်ဝူး)လက်အား
ဆွဲကိုင်လာသည်။ဘာလုပ်မလို့လဲဆိုသည့်ပုံစံ
ဖြင့် မျက်ခုံးပင့်ပြတော့ လက်ကိုအတင်းဆွဲကာ
သူလေး သွားလိုရာကို ခေါ်လာသည့် ချောင်ချောင်။

“ခေါင်းမိုးထပ်?...ချောင်ချောင်”

“ရှူး ကိုကို...ချောင်ချောင် ခေါ်ရာကို လိုက်ခဲ့”

ခေါင်းမိုးထပ်သို့ ရောက်သည်နှင့် ခေါင်မိုးပေါ်သို့
တက်ရန် ပြင်နေတဲ့ ကလေးငယ်ကြောင့် လက်ကို
အတင်းဆွဲကာ တားရပြန်သည်။ပြုတ်ကျမှဖြင့်
ပတ်ခ်ဂျောင်ဝူး ရင်ကျိုးရချည်ရဲ့။

“ခေျာင်ချောင်! အဲ့လိုအမြင့်တွေ မတက်ရဘူး
အန္တာရယ်များတယ်”

အော်ငေါက်သံလို ပြောလိုက်မိသဖြင့် ချက်ချင်း
မျက်နှာငယ်လေး ဖြစ်သွားသည့် ကလေးငယ်ကြောင့် သူ(ဂျောင်ဝူး)မှာ ဆူရမလို ချော့ရမလို
ဖြစ်နေတော့သည်။

“ချောင်ချောင်က လိမ္မာပါတယ်..ကိုကို ညစျေးလိုက်ပို့မယ် အဲ့အမြင့်တွေပေါ်တော့ မတက်နဲ့နော် ကလေးလေး..”

ꜱɪᴅᴇ ᴛᴏ ꜱɪᴅᴇWhere stories live. Discover now