ꜱɪᴅᴇ ᴛᴏ ꜱɪᴅᴇ:13

128 11 0
                                    

Unicode ver

‌မြေအောက်ခန်းတံခါးက ကျွီခနဲပွင့်လာပြီး အခန်းအတွင်းကို နေရောင်ခြည်တွေက ဖုံးလွှမ်းလာသည်။နံရံကိုမှီကာ အိပ်တစ်၀က်နှိုးတစ်၀က်ဖြစ်နေသည့် ဂျောင်ဝူး၏ မျက်နှာသည်လည်းအလင်းရောင်စူးစူးကြောင့် ရှုံ့မဲ့လို့သွားသည်။

"ယွန်းဂျယ်ဟျော့က မင်းအခန်းထဲမှာ ... သူမနိုးခင် သွားကြည့်လိုက်ဉီး"

မျက်စိရှေ့သို့ ကမ်းပေးလာသည့် ဂျောင်ဟွမ်၏ လက်အား ဂျောင်ဝူးမျက်လုံးနှင့်သာ ဝေ့ကြည့်လိုက်သည်။

"မင်းနဲ့ငါ ပြီးမှ စာရင်းရှင်းမယ်!"

လေးပင်နေသည့် မျက်ခွံတွေကို အားယူဖွင့်ပြီး ဆိုဂျောင်ဟွမ့်ကို ကျိန်းလိုက်သည်။ပြီးနောက် အမြန်ကုန်းရုန်းထကာ အပေါ်ထက်က အခန်းစီကို ပြေးတက်လာခဲ့သည်။နှစ်ရက်သာ မြေအောက်ခန်းထဲ ပိတ်ခံလိုက်ရ‌ပေမယ့် စံအိမ်ကတော့အရင်ကလို ခြောက်ကပ် မနေတော့ဘဲ အိမ်အကူတွေဖြင့် ပြည့်နှက်နေသည်။

အခန်းတွင်းရှိ မွေ့ယာပေါ်၌ သက်သောင့်သက်သာ အိပ်နေသည့် ချောင်ချောင့်ကို တွေ့မှ ဂျောင်ဝူး သက်ပြင်းချနိုင်တော့သည်။ခုထိရဲ‌နေတုန်းဖြစ်သည့် ကလေးငယ်၏ လက်ဖျံကြောင့် ဂျောင်ဝူး၏ ဒေါသတွေက တရိပ်ရိပ်တက်လာသည်။ယိုရှီနိုရီ မင်း ဘာတွေကြိတ်ကြံစည်ခဲ့တာလဲ။

"အင်းမ်း .. ဟျောင်း"

ကလေးငယ်၏ နှုတ်ဖျားမှ ညီးညူလာသည့် နာမည်ဟာ "ဟျောင်း" တဲ့လေ။မျက်မှောင်ကျုံ့ကာ လှုပ်လှုပ်ရှားရှားဖြစ်လာသည့် ချောင်ချောင့်ကြောင့် ဂျောင်ဝူး ကိုယ့်စိတ်ကိုယ် အတတ်နိုင်ဆုံး လျှော့ချထားလိုက်သည်။အခုချိန် ဒေါသထွက်လိုက်ရင် အခြေနေက ပိုဆိုးလာရုံသာရှိမည်။

"နိုးလာပြီလား ... ချောင်ချောင်?"

မျက်လုံးဖွင့်လာသည့် ချောင်ချောင့်ကို ‌ဂျောင်ဝူးနှင့် နေသားကျနေစေရန် နူးညံ့စွာ မေးမြန်းလိုက်သည်။စိမ်းသက်နေသည့် အကြည့်တွေအား မခံနိုင်သော်ညား အတတ်နိုင်ဆုံး ပြုံးပြလိုက်သည်။
ဘာပဲဖြစ်ဖြစ် မမုန်းသွားရဘူး‌။ချောင်ချောင့်က ကိုကို့ ကို အမြဲချစ်နေရမှာ။

ꜱɪᴅᴇ ᴛᴏ ꜱɪᴅᴇWhere stories live. Discover now