ꜱɪᴅᴇ ᴛᴏ ꜱɪᴅᴇ:6

127 9 6
                                    

Unicode ver

“ကိုကို...”

“ချမ်းနေပြီလား...ခဏလေးပဲနော် ကိုကို...ကိုကိုဖုန်းဆက်ထားတယ်”

မိမိကို ရင်ခွင်ထဲသိမ်းကျုံးဖက်ကာ တုန်ရီနေသည့် ကိုကို့ ခန္ဓာကိုယ်လေး။မဟုတ်မှ ကိုကိုက သူ့ကို အရမ်းကြီး စိတ်ပူနေခဲ့တာလား။

တီတီတီ

ကားဟွန်းတီးသံကျယ်ကျယ်က သည်း
ထန်စွာ ရွာသွန်းနေသည့် မိုးသံတွေကြားမှ
စူးစူးဝါးဝါးထွက်ပေါ်လာသည်နှင့် တပြိုင်နက် ကားပေါ်မှ ပြေးဆင်းလာသည့် လူနှစ်ယောက်။

“ဂျောင်ဝူး...အဆင်ပြေ...”

“အိမ်ကို တန်းမောင်းပေး”

ထိုလူ့စကားကို ပြန်လည်ဖြေကြားခြင်းမရှိဘဲ မတ်တတ်ထရပ်ကာ အသံအက်အက်ဖြင့် ကိုကိုက အိမ်ကို တန်းမောင်းဖို့သာ ပြောသည်။သူတကယ် အိပ်ချင်နေပြီ။မျက်ခွံတွေက ငိုထားသည်မို့ မို့မောက်နေလောက်မလားမသိ။ယခုချိန်မှာတော့ စိတ်ကို ဒုံးဒုံးချ၍သာ မျက်လုံးကို မှိတ်ချလိုက်သည်။နိုးလာရင် ကိုကိုက သူ့ဘေးနားမှာ ရှိနေဉီးမှာမလား။

~

တောက်စ်!

တောက်စ်ခေါက်သံ ကျယ်ကျယ်က အလင်းရောင်မရှိသည့် အခန်းထဲ၌ ပဲ့တင်နေလျက်။ဆေးလိပ်ကို နှုတ်ခမ်း၌ တေ့ကာ ဖွာနေသူသည် ကြားသိရသည့် သတင်းတွေကြောင့် စိတ်များ ထိန်းချုပ်မရအောင် မီးခဲပမာ ပူလောင်နေတော့သည်။

“သခင်လေး...”

“ဝါတာနာဘယ် ဟာရူတိုကို ခေါ်လိုက်!”

အေးစက်စွာ ထွက်ပေါ်လာသည့် အသံကြောင့် အိမ်တော်ထိန်းမှာလည်း အထိပ်ထိပ်အပြာပြာဖြင့်သာ ဉီးညွှတ်၍ ထွက်သွားတော့သည်။

တအောင့်အကြာ၌ တံခါးခေါက်သံ သုံးချက်နှင့်အတူ “သခင်ငယ်လေး ရောက်နေပါပြီ”ဆိုသည့် အိမ်တော်ထိန်းအသံကြောင့် အခန်းထဲရှိ သခင်လေးဆိုသူ၏ မျက်နှာ၌ ဒေါသရိပ်ယောင်တွေဟာ မဖိတ်ခေါ်ပဲ ထင်ဟပ်လာတော့သည်။

“အစ်ကို...အ့”

ခွမ်း

ဝါတာနာဘယ် ဟာရူတို၏ နဖူးတည့်တည့်သို့ ပစ်၀င်သွားသည့် အရက်ခွက်တစ်ခွက်။ဟာရူတိုက အံကြိတ်လျက်ဖြင့် သခင်လေးဆိုသူ၏ ရှေ့၌ ဒူးထောက်ကာ ထိုင်ချလိုက်သည်။နဖူး၌ သွေးတွေကတော့ မြင်မကောင်းအောင် စီးကျလျက်။

ꜱɪᴅᴇ ᴛᴏ ꜱɪᴅᴇWhere stories live. Discover now