ꜱɪᴅᴇ ᴛᴏ ꜱɪᴅᴇ:8

111 7 2
                                    

Unicode ver

မျက်လွှာချကာ အိပ်စက်နေသည့် ပတ်ခ်ဂျီဟွန်းကို ကင်မ်ဒိုယောင်းက မျက်စိတွေ မှေးကျဉ်းလျက်ဖြင့် ကြည့်နေသည်။အရင်က ဒီလိုပဲ အေးချမ်းနေမယ်ဆိုရင် ခင်ဗျားကို ကျွန်တော် စိတ်နာသွားလိမ့်မယ် မထင်ဘူး။စိတ်ထဲရှိ စကားလုံးများနှင့် ဆန့်ကျင်
ဘက်အနေဖြင့် ကင်မ်ဒိုယောင်း၏ မျက်နှာဟာ ခက်ထန်နေသည်။သူသည်
ပတ်ခ်ဂျီဟွန်းစီကို အားယားလို့၊စိတ်ပူလို့ လာခြင်းမဟုတ်ဘဲ ဒီလူ၏ထိခိုက်မှုက သူ့ပယောဂပါနေသည်မို့ဖြစ်သည်။

ကျွတ် ကျွတ် ကျွတ်

မျက်လုံးကမဖွင့်သေး၊ဉီးစွာ မျက်မှောင်ကျုံ့နေသည့် ပတ်ခ်ဂျီဟွန်းကြောင့် ကင်မ်ဒိုယောင်း၏ မျက်နှာချောချောက မဲ့ရွဲ့လို့သွားသည်။

"ကင်မ်ဒိုယောင်း!?"

မျက်လုံးပွင့်သည်နှင့် ခက်ထန်စွာ ထွက်ပေါ်လာသည့် ပတ်ခ်ဂျီဟွန်း၏ အသံ။
ကင်မ်ဒိုယောင်း စိတ်ပျက်စွာဖြင့် လေပူတစ်ချက်မှုတ်ထုတ်လိုက်သည်။

"ခင်ဗျားလုပ်ကြံခံရတာ ကျွန်တော့် ပယောဂ မကင်းဘူးလို့ ဒေါက်တာချွဲကပြောတယ်..."

"ကျွန်တော့်ကို ရှင်းပြစမ်းပါ ပတ်ခ်ဂျီဟွန်း"

နှစ်ယောက်ကြားလေထုက မာထန်လာသည်။ပတ်ခ်ဂျီဟွန်းက နှုတ်ခမ်းတွေကို ကော့ညွှတ်သွားအောင် ပြုံးသည်။ကင်မ်ဒိုယောင်း အံကိုတင်းတင်းကြိတ်၍ ပတ်ခ်ဂျီဟွန်း၏ ကုတင်နားကို တစ်လှမ်းပိုကပ်သွားလိုက်သည်။

"ဝါတာနာဘယ် ဟာရူတို!"

"ဟမ်!"

ပတ်ခ်ဂျီဟွန်း၏ နှုတ်မှ ထွက်လာသည့် အမည်နာမ‌ကြောင့် ကင်မ်ဒိုယောင်း မျက်၀န်းတွေက သိသိသာသာအံ့ဩသွားသည်။

"ဂျွန်ဂယူ့အနားကို နောက်ယောင်ခံလိုက်နေတဲ့ ကောင်လေ...မင်းမသိဘူးလား"

ဒိုယောင်းမျက်၀န်းထဲ၌ မယုံကြည်မှုတွေ၊၀မ်းနည်းမှုတွေ၊၀မ်းသာမှုတွေက ရောထွေးနေသည်။ပတ်ခ်ဂျီဟွန်း စုတ်သတ်လိုက်သည်။

ကျစ်

"မင်းအကောင်ကို ပြောလိုက်စမ်းပါ ဂျွန်ဂယူနားကို ရစ်သီရစ်သီလုပ်‌မနေနဲ့လို့...ဒီတစ်ခါတော့ ငါလျှော်ပေးလိုက်မယ်"

ꜱɪᴅᴇ ᴛᴏ ꜱɪᴅᴇWhere stories live. Discover now