Unicode ver
မနက်ငါးနာရီဟာ စောသည့်အချိန်တော့ မဟုတ်ပေမယ့် အဆက်မပြတ်ရွာနေသည့်
မိုးကြောင့် အနည်းငယ်တော့ ခြောက်ခြားဖွယ်ဖြစ်နေသည်။king size မွေ့ယာပေါ်ရှိဖက်လျက် အိပ်ပျော်နေသည့် အမျိုးသားနှစ်ယောက်သည်လည်း တစ်ယောက်ကိုတစ်ယောက် ဖယ်တွယ်ထားသည်မှာ လေတောင် တိုးနိုင်မည်မထင်။“ဂျယ်ဟျော့...”
“ယွန်းဂျယ်ဂျယ်...”
လွန်စွာမှ တိုးလွန်းလှသည့်အသံက အိပ်ပျော်နေသည့် သူ၏ နားထဲသို့ ၀င်ရောက်လာသည်မို့ သူ၏ မျက်၀န်းတွေဟာ ဆက်ခနဲ ပွင့်သွားတော့သည်။
“ဟင်...”
“ဘာဖြစ်လို့လဲ ဘေဘီ...? အိပ်မက်မက်နေတာလား”
မျက်လုံးတွေကို မှိတ်ထားလျက်ဖြင့်
ဂျောင်ဝူး အမေးထုတ်လိုက်သည်။“မဟုတ်ဘူး...ကျွန်တော် ဆက်မအိပ်နိုင်တော့တာ”
ရင်ခွင်ထဲရှိ အကောင်ပေါက်က ချက်ချင်းဆိုသလို ငေါက်ခနဲထထိုင်လိုက်သည်။ဂျောင်ဝူးလည်း အိပ်မှုန်စုတ်ဖွားဖြင့် အတူ ထထိုင်လိုက်သည်။မတော်လို့ သူ့ကလေး မိုးချိန်းသံကြားပြီး လန့်နေမှဖြင့်။
“ဟင်...ကိုကို အိပ်လေ...ဘာလို့လဲ?”
“စိတ်မချလို့...ချောင်ချောင်လန့်နေတာမလား”
“ဟုတ်”
“လာ...ကိုကို ဖက်ထားပေးမယ်”
လက်တွေကို ဆန့်တန်း၍ ရင်ခွင်ထဲသို့ လာရန် အချက်ပြသူက ကိုကို။မအေးသော်ကြား တကယ်ကြောက်နေတာမို့ ခပ်မြန်မြန်ပင် ကိုကို့ရင်ခွင်ထဲ၌ နေရာယူလိုက်သည်။အင်း...နွေးလိုက်တာ။
“ကိုကိုက ဖက်ထားပေးမယ်...မှေးရင်မှေးနေလိုက်”
“ဟုတ် ကိုကို”
အတော်ကြာမှ စိတ်ထဲ အဆင်ပြေသွားသည်ထင်ပါရဲ့ အသက်ရှုသံပုံမှန်လေးဖြင့်
ဂျောင်ဝူးရင်ခွင်ထဲ၌ အိပ်ပျော်သွားသည့် ကလေးလေး။ကလေးငယ်၏ နဖူးပေါ်ဝဲကျနေသည့် ဆံပင်တွေကို ဂျောင်ဝူးသပ်တင်ပေးလိုက်သည်။ကိုယ့်ကို ထားမသွားပါဘူးလို့ ဂတိပေးနိုင်ပါ့မလား ကလေးငယ်