ꜱɪᴅᴇ ᴛᴏ ꜱɪᴅᴇ:18

97 14 0
                                    

Unicode Ver

ဟိုဟိုဒီဒီလျှောက်လည်ပြီးပြန်လာသည်အထိ အွန်ဒူကိုတစ်ခုခုပြောချင်နေပုံရတဲ့ ယောင်းကြောင့် စိတ်ကအဆင်ပြေတော့ပေ။ယွန်းဂျယ်ဟျော့က သူ့ယောင်းကို ဘာတွေပြောသွားခဲ့တာလဲ ?

“ ယောင်း ”

“ အွန်း အွန်ဒူ .. ပြောလေ ”

“ ယောင်းကိုယ့်ကို တစ်ခုခုပြောချင်နေတာမလား ? ”

အွန်ဒူရဲ့အမေးကြောင့် ယောင်းမျက်နှာပေါ်က အပြုံးက ပျောက်ကွယ်သွား၏။ယောင်းက ၀ရံတာလက်တန်းကို တင်းတင်းဆုပ်ကိုင်ထားပြီး အွန်ဒူကို ထပ်မံပြုံးပြလာသည်။

“ မင်းသိတဲ့အတိုင်းပဲ .. ငါကဂိုဏ်းသားတစ်ယောက်လေ .. ငါ ”

“ ကိုယ့်စီက ထွက်သွားချင်နေတာလား ? ”

ယောင်းက တိုးညင်းစွာရယ်ပြီး ခေါင်းငြိမ့်ပြ၏။အပြင်ပန်းမှာ အတော်ကိုချုပ်ထိန်းထားရတဲ့ အွန်ဒူရဲ့စိတ်ဟာ အတွင်းပိုင်းတွင်တော့ အခြေအနေဆိုးဝါးနေလေပြီ။၀ရံတာကို တင်းတင်းဆုပ်ကိုင်ထားတဲ့ ယောင်းရဲ့လက်ချောင်းတွေကို အွန်ဒူ ဆွဲယူလိုက်ပြီး အသာယာထိတွေ့လိုက်သည်။

“ ကိုယ် ယောင်းကို စိတ်ပူတယ် ”

စိတ်ထဲမှာ ပေါက်ကွဲနေပေမယ့် အပြင်ပန်းတွင်တော့ သူအခုထိ စကားလုံးကြမ်းတွေမသုံးနိုင်သေး။မျက်စိရှေ့က အလှလေး စိတ်ကွက်သွားမှာဆိုးရသည်။

“ ငါက spy တစ်ယောက်လေ အွန်ဒူ .. ငါ့ကိုယ်ငါကာကွယ်နိုင်ပါတယ် ”

“ ယောင်းကို ကိုယ်စိတ်ချမယ်နော် ။ ခုတော့အေးနေပြီ .. ယောင်း သွားနားလိုက်ဉီး ”

အွန်ဒူကို ပြုံးပြပြီး ကျောခိုင်းသွားတဲ့ ယောင်း။လစ်ဟာသွားတဲ့ သူ့ရဲ့လက်ချောင်းတွေ။

“ ခဏတော့ လွတ်လပ်ခွင့်ပေးရမှာပေါ့ .. ယောင်းက ကိုယ့်အပိုင်ပဲလေ ”

နှုတ်ခမ်းလှုပ်ရုံမှပြုံးနေတဲ့ အွန်ဒူက အဝေးကချောင်းကြည့်နေတဲ့ ယောင်းကို မသိချင်ယောင်ဆောင်ထားလိုက်၏။ကလေးအကွက်တွေနဲ့ပဲ ယောင်းကတော့လေ။

.
.

ဂိုက်ဆရာမနဲ့စာသင်နေတဲ့ ကလေးငယ်ကိုကြည့်ပြီး ဂျောင်ဝူးရဲ့စိတ်တွေက နှောက်ကျိလာရ၏။ကိုယ့်ဂိုဏ်းထဲက လူတွေကို ဂိုက်လုပ်ခိုင်းလိုက်လို့ရပေမယ့် ကလေးငယ်ရဲ့ “ မင်းလူတွေနဲ့ဆို ငါမသင်ဘူး ” ဆိုတဲ့စကားကြောင့် အခုလိုပဲစီစဉ်လိုက်ရခြင်း။

ꜱɪᴅᴇ ᴛᴏ ꜱɪᴅᴇWhere stories live. Discover now