ꜱɪᴅᴇ ᴛᴏ ꜱɪᴅᴇ:14

112 9 0
                                    

Unicode ver

“သခင်ကြီး .. သခင်လေးက ဇွတ်အတင်း တက်လာမယ်လို့ပြောနေပါတယ်”

ထင်ထားသည်ထက် ပိုစောကာရောက်လာသည့် ညီငယ်ကြောင့် အွန်ဒူ ပြုံးရုံသာပြုံးလိုက်သည်။ယောင်း၏ ဆံနွယ်တွေကို ပွတ်သပ်နေရာမှ ရပ်လိုက်ပြီး ယောင်းကို အလှဆုံးပြုံးပြလိုက်သည်။

“ကိုယ် ခနအောက်ဆင်းလိုက်ဉီးမယ် .. အခန်းထဲက မထွက်ခဲ့နဲ့ဉီးနော် ယောင်း”

ရှင်သန်လာတဲ့ကာလပတ်လုံး၌ ပထမဆုံးကြားဖူးသည့် ကြင်နာသည့် လေယူလေသိမ်းတွေကြောင့် ဒိုယောင်း၏ ခေါင်းလေးဟာ အော်တိုငြိမ့်ပြီးသားပင်။ဒိုယောင်းကို စိတ်မချသလို တစ်ချက်လှည့်ကြည့်ပြီးနောက် အခန်းပြင်ကိုထွက်သွားသည့် ကင်မ်အွန်ဒူဆိုသည့် အမျိုးသားက ဒိုယောင်းရဲ့ ဟာရူတိုမဟုတ်ခဲ့ပေ။

//

“ငါ့ရှေ့က ဖယ်လို့ပြောနေတယ်နော်! ဖယ်စမ်း!”

ဓာတ်လှေကားထဲမှ ထွက်ထွက်ချင်း ညီငယ်၏ စူးရှလှသည့် အသံတွေက စံအိမ်အောက်ထပ်တစ်ခုလုံးကို ကြီးစိုးနေမှန်း ကြားသိလိုက်ရသည်။

“ဖယ်ပေးလိုက်!”

အွန်ဒူ၏ အမိန့်ဆန်ဆန်စကားအဆုံး ဟာရူတို့ရှေ့မှ အစောင့်တွေက အလျှိုလျှိုဘေးကပ်သွားကြသည်။

ခွပ်

ယောက်ျားတစ်ယောက်ရဲ့ အားဖြစ်ရုံသာမက အားကုန်သုံးကာ ထိုးလိုက်တာကြောင့် အွန်ဒူ၏ မျက်နှာဟာ လည်ထွက်သွားတော့သည်။နှုတ်ခမ်းထောင့်မှ အလုအယက်ကျဆင်းလာသည့် သွေးတွေကို လက်မဖြင့် ဖိသုတ်ရင်း ဟာရူတိုကို အွန်ဒူ ပြုံးပြလိုက်သည်။

“မင်းတို့အကုန် ထွက်သွား‌လို့ရပြီ..”

အစောင့်တွေအကုန်ထွက်သွားပြီးသည်နှင့် အွန်ဒူက မေးပင့်ပြပြီး လာရင်းကို ပြော ဆိုတဲ့ဟန်မျိုး လုပ်ပြလိုက်သည်။နီရဲနေသည့် မျက်သားတွေက ဟာရူတို အတော်လေးဒေါသထွက်နေကြောင်းကို ပြသနေသည်။

“ကင်မ်ဂျွန်ဂယူ ဘယ်မှာလဲ!”

သိနေပြီးသား အမေးကြောင့် နှုတ်ခမ်းထောင့်မှ ထွက်နေစဲဖြစ်သည့် သွေးတွေအား လျှာဖြင့်သပ်ရင်း အွန်ဒူအဖြေပေးလိုက်သည်။

ꜱɪᴅᴇ ᴛᴏ ꜱɪᴅᴇWhere stories live. Discover now