ꜱɪᴅᴇ ᴛᴏ ꜱɪᴅᴇ:3

168 16 2
                                    

Unicode ver

“ချောင်ချောင်...ကိုယ့်စီလာဉီး”

“ဟုတ်...”

အိပ်ယာပေါ်မှာ ထိုင်နေသည့် ကိုကို့အနားအား သူ
ဂိမ်းစက်ကို ချပြီး ခပ်သွက်သွက်ပင် ၀င်ထိုင်လိုက်သည်။

“ဒီနေ့ ကိုကို လာကြိုတာ နောက်ကျလို့ စိတ်ဆိုးနေသေးလား”

"ဟင့်အင်း မဆိုးပါဘူး။ပြီးတော့ ချောင်ချောင်က
ကျောင်းရှေ့က လူနဲ့ သိတောင်မသိဘူး”

အမေးက တစ်ခုဆိုသော်ညား ‌အဖြေနှစ်ခု ပြောပြနေ
သည့် ကလေးငယ်ကြောင့် ဂျောင်ဝူး ရယ်လိုက်ရင်း-

“ကိုကိုက ဘာမှတောင် မ‌ပြောရသေးဘူးလေ‌ကွာ။”

“သိပါတယ်...ဒါပေမယ့် ကိုကို စိတ်မကောင်းဖြစ်သွားမှာဆိုးလို့။ပြီးတော့ ချောင်ချောင်က နည်းနည်းဆိုး
ပေမယ့် ကိုကိုမကြိုက်တာကိုတော့ ရှောင်ပါတယ်။"

“ဟောဗျာ...ဟုတ်ပါပြီ ဟုတ်ပါပြီ”

“ဒါနဲ့ ကိုကို...။ ကိုကို ဘာလို့ နောက်ကျနေတာလဲ”

“ကိုယ်အလုပ်ကိစ္စတွေ မပျက်သေးလို့ပါ”

“အော...ဒါနဲ့ ကိုကိုက ဘာအလုပ်လုပ်တာလဲ ဟင်...။
ချောင်ချောင့်ကို တစ်ခါမှလည်း မပြောပြဖူးဘူးရော်”

နေလာတဲ့ လတွေတွင်း ဘယ်သောအခါမှ သူ့
အလုပ်ကြောင်း မမေးဘူးတဲ့ ကလေးငယ်ကြောင့်
ဂျောင်ဝူး တွေးစစတောင် ဖြစ်သွားရသည်။

“ကိုယ်က...မာဖီးယား‌”

"ဟမ်?...ခစ်ခစ်...ကိုကိုကတော့ နောက်ပြန်ပြီ။”

“ဟော...မကြောက်ဖူးလား ဘေဘီ”

“ကြောက်စရာဘာရှိလို့လဲ ကိုကိုရ...မာဖီးယားဖြစ်တော့
ပိုကောင်းတာပေါ့”

“ဒီကလေးနဲ့တော့လေ...”

“ကိုကိုက တကယ် မာဖီးယားလာ ဟင်...”

“ဟုတ်တယ်ဆိုရင်ရော...ဘေဘီ”

“ဝါး မိုက်လိုက်တာ ဟီး”

“ဒါပေမယ့် လျှို့ဝှက်ထားပေးမှရမှာနော် ဘေဘီ ချောင်ချောင်...”

“အိုကေ အိုကေ”

လက်ညိုးနဲ့ လက်မကို အသုံးပြုပြီး ok sign လုပ်ပြလာသည့် ကလေးလေးကြောင့် လက်ကမနေနိုင်စွာ
ခပ်အိအိပါးဖောင်းဖောင်းလေးတွေကို ဖဲ့လိုက်သည်။

ꜱɪᴅᴇ ᴛᴏ ꜱɪᴅᴇWhere stories live. Discover now