ꜱɪᴅᴇ ᴛᴏ ꜱɪᴅᴇ:12

102 10 2
                                    

Unicode Ver

ယိုရှီ သတိလည်လာပြီဆိုသည့် သတင်းကြောင့် ရှိသမျှအလုပ်တွေအကုန် ပစ်ကာ ဆေးရုံကိုအရင်ပြေးရသည်။လက်နှင့်ခေါင်း၌ ပတ်တီးအဖွေးသားနှင့် ယိုရှီက လက်ဖျံတွင်လည်း ဆေးချိတ်ထားရသေးသည်။အခြေနေက အဆိုးကြီးမဟုတ်သော်ညား ကောင်းသည်တော့မဟုတ်။

"အော်..ဂျောင်ဝူး"

"ချောင်ချောင့်ကို ဘယ်သူခေါ်သွားတာလဲ?"

ယိုရှီက ပြုံးရုံသာပြုံးတယ်။ယိုရှီလည်း ချောင်ချောင့်အကြောင်းသိနေမည်ကို ရိပ်မိသော်ညား ဂျောင်ဝူးထင်သလိုတော့ ယိုရှီက မလုပ်လောက်ဘူးမလား။

"ယိုရှီနိုရီ..မင်း မဟုတ်မှ"

"ပတ်ခ်ဂျောင်ဝူး ဘာလို့ အဲ့ကောင်လေးကို တမ်းတမ်းစွဲဖြစ်နေတာလဲ?"

ယိုရှီ၏အမေးကြောင့် ဂျောင်ဝူး သက်ပြင်းချလိုက်မိသည်။မသိတာပဲလား။မသိချင်ယောင်ဆောင်နေတာလား။ဂျောင်ဝူး ဘာလို့ဆိုတဲ့အကြောင်းပြချက်ရှာမရအောင်ကို ချောင်ချောင့်ကို ချစ်မြတ်နိုးခဲ့တာ အကြောင်းပြချက်ရှိဖို့လိုလို့လား။

"ငါ ကလေး မဟုတ်တော့ဘူး ယိုရှီနိုရီ"

"ဒါဆို မင်းရွေးစမ်း ဂိုဏ်းလား သူလား"

"သူ"

တစ်လုံးတည်းသာ ထွက်လာသည့် ဂျောင်ဝူး၏ အဖြေကြောင့် ယိုရှီက စိတ်ပျက်စွာကြည့်လာသည်။လက်မှဆေးကြိုးကို ဖြုတ်ပြီး ကုတင်ပေါ်မှ ဆင်းလာသည့် ယိုရှီက ဂျောင်ဝူး၏ အနားသို့တိုးလာပြီး-

"သူ့ကို ချုပ်ထားလိုက်..ဂျောင်ဟွမ်။ငါတို့Y.K.V.ဂိုဏ်းကို သိမ်းပြီးမှ သူ့ကိုလွှတ်ပေးသင့်လား စဉ်းစားမယ်.."

ယိုရှီ၏ အမိန့်ဆန်ဆန်စကားအဆုံး ဂျောင်ဝူး၏ လက်နှစ်ဖက်အား အနောက်မှဖမ်းချုပ်လိုက်သည့် ဂျောင်ဟွမ်။နဂိုကတည်းက သတိကြီးသူမို့ ဆိုဂျောင်ဟွမ်လောက်ကတော့ အသာလေး။အမြန်ရှောင်တိမ်းရင်း ဂျောင်ဟွမ်၏ ဒူးကို ဖျက်ကန်လိုက်သည်။ဂျောင်ဝူးနီးတူ တိုက်ခိုက်ရည်ကျွမ်းသည့် ဂျောင်ဟွမ်ကလည်း မခေ၊ရအောင် ရှောင်သည်။

"အချိန်ဆွဲမနေနဲ့ ဂျောင်ဟွမ်..အမြန်လုပ်"

လက်မှပတ်တီးတွေကို တစ်လွှာချင်းဖြည်ကာ အခန်းပြင်သို့ထွက်သွားသည့် ယိုရှီ။အကုန်လုံးက အလိမ်အညာတွေပဲကို ယိုရှီနိုရီ။

ꜱɪᴅᴇ ᴛᴏ ꜱɪᴅᴇWhere stories live. Discover now