ꜱɪᴅᴇ ᴛᴏ ꜱɪᴅᴇ:16

103 13 8
                                    

Unicode Ver

တစ်လမ်းလုံးရင်ခွင်ထဲမှာ အိပ်ပျော်နေတဲ့ ချောင်ချောင်က အိမ်ရောက်သည်အထိကို မနိုးသေး။ပုံမှန်ဆို အအိပ်ဆက်တတ်တဲ့ကလေးက ယခုကြမှ အဝောာ့်ကို နှစ်နှစ်ခြိုက်ခြိုက်အိပ်နေတာဖြစ်သည်မို့ ဂျောင်ဝူး စိတ်ထဲမသင်္ကာ။

" ယိုရှီနိုရီ ငါ့အိမ်ကိုလာခဲ့ပေး ! "

ယိုရှီနိုရီ၏ ပြန်ပြောစကားကိုမစောင့်နေတော့ဘဲ ဖုန်းကိုဘောင်းဘီအိတ်ထဲ ထည့်ကာ ကလေးငယ်ကို ပေါင်းရင်းနဲ့ ကျောအောက်မှ လက်ရှို၀င်ပြီး ပွေ့ချီလိုက်သည်။

ညနေ၅နာရီ၀န်းကျင်မို့ အိမ်ထဲ၌ အလုပ်သမားနဲ့တူတဲ့ လူအရိပ်ယောင်ပင်မရှိတော့ဘဲ တိတ်ဆိတ်နေသည်။ဒရိုက်ဘာကလည်း ဂျောင်ဝူးတို့ကိုပို့ပြီးတာနဲ့ ကားပြန်လဲကာသူ့အိမ်သူပြန်မည်မို့ တစ်အိမ်လုံးမှာ ဂျောင်ဝူးနဲ့ချောင်ချောင်နှစ်ယောက်တည်းသာ ရှိသည်။

အိပ်ပျော်နေစဲဖြစ်တဲ့ ကလေးငယ်ကို အိပ်ရာပေါ်ဖြည်းညင်းစွာချရင်း air corn ဖွင့်ပေးလိုက်သည်။ပုံမှန်လိုအိပ်ပျော်နေပေမယ့် ဘာလို့များ ဂျောင်ဝူးစိတ်ထဲ ထူးဆန်းနေသည်လည်းဆိုတာ မပြောတတ်။စိတ်ထဲ၌ ယခုအခြေနေကို စိတ်တိုင်းမကျသလိုပင်။

ဒေါက် ‌ဒေါက် ဒေါက်

" ငါရောက်ပြီ "

" ၀င်ခဲ့လေ "

ယိုရှီနိုရီအပြင် ယိုရှီနိုရီအနောက်မှ မာရှီဟိုပါ ကပ်ပါလာသည်။ကလေးငယ်အိပ်နေတာ နိုးသွားမည်ဆိုး၍လည်း ဂျောင်ဝူးမှာ လက်ညှိုးကို ပါးစပ်မှာထိကာ "ရှူး" ဆိုပြီး လုပ်ပြရသေးသည်။

" မင်းဟာလေးကဖြင့် လူသေလိုအိပ်နေတာကို ! "

" မောင့် ! ကလေးကိုသွားပြီးတော့ "

အဲ့တာတွေပြောတာ အတွဲလိုက်ကြီးရောက်လာပြီး ယိုရှီနိုရီက ရွံစရာတွေ သိပ်လုပ်ပြချင်တာ။

" တိုး တိုး နေ "

အံကြိတ်သံနဲ့ပြောမှ ယိုရှီနိုရီက တိတ်သွားသည်။ဒါတောင် မျက်စောင်းက ထိုးလိုက်သေးတယ်။

" မာရှီဟို .. ငါ့ကလေးက ဘာဖြစ်တာလဲ ? "

" ပုံမှန်အတိုင်းပဲ အိပ်ပျော်နေတာ ။ တခြားဘာစိုးရိမ်စရာမှမရှိဘူး "

ꜱɪᴅᴇ ᴛᴏ ꜱɪᴅᴇWhere stories live. Discover now