ꜱɪᴅᴇ ᴛᴏ ꜱɪᴅᴇ:19

65 11 4
                                    

Unicode Ver

* 𝗐𝖺𝗋𝗇𝗂𝗇𝗀 𝖿𝗈𝗋 𝗌𝗈𝗆𝖾 𝗐𝗈𝗋𝖽𝗌 *

တစ်ပတ်ခန့်ကြာသော်

" shit "

နေ့တိုင်းကိုက်ဖြဲခံနေရတာကြောင့်သူ့နှုတ်ခမ်းတွေက သွေးစို့ကာပေါက်ပြဲနေ၏။သူ့အခြေ‌အနေက စကားပြောဖို့တောင် အနိုင်နိုင်ဖြစ်နေရပြီမို့ ပတ်ခ်ဂျောင်ဝူးကို စိတ်ထဲမှ‌ဆဲရေးလိုက်သည်။

" ပြောစရာရှိရင် ပြော .. ဆရာမကင်မ် "

" မရှိပါဘူးရှင် .. မရှိပါဘူး ။ သခင်လေးကြည့်ရတာ အဆင်မပြေသလိုပဲ .. ကိုယ်ရံတော်တွေကို ဆေးယူခိုင်းလိုက်မလား ? "

ကိုယ်ရံတော် ? စပ်ဖျင်းဖျင်းခံစားနေရတဲ့ နှုတ်ခမ်းကို လက်မနဲ့ပွတ်ဆွဲပြီး သူ့အနောက်ကို ချက်ချင်းလှည့်ကြည့်မိ၏။ဒီလူတွေက ဘယ်တုန်းကဒီကိုရောက်နေတာလဲ ?

" ကျစ် .. နှုတ်ခမ်းကနာတာတစ်မျိုး ၊ မင်းတို့က စာသင်တဲ့အနားမှာ ဘာရပ်စောင့်နေတာလဲ !? "

မာဆတ်ဆတ်အသံကြောင့် ကိုယ်ရံတော်တွေကလှုပ်လှုပ်ရှားရှားဖြစ်သွားပြီး ခေါင်းငုံ့ကာ သူ့ကိုအရိုအသေပေး၏။အရင်နေ့တွေက ဒီလို‌ရပ်စောင့်‌လေ့မရှိဘူးကို။ဂျယ်ဟျော့ မျက်မှောင်ကျုံ့လိုက်မိသည်။ပတ်ခ်ဂျောင်ဝူးက ဘာတွေကြံစည်နေတာလဲ။

" အနှောင့်ယှက်ဖြစ်သွားရင် တောင်းပန်ပါတယ် သခင်လေး ။ သခင်ကြီးရဲ့အမိန့်မို့ နာခံစေချင်ပါတယ် "

ကိုယ်ရံတော်တွေကို စိတ်ပျက်သလိုတစ်ချက်ကြည့်ပြီးနောက် စားပွဲခုံပေါ်က စာအုပ်တွေကို ရင်ခွင်ထဲထည့်‌ပွေ့ကာ မတ်တပ်ထရပ်လိုက်သည်။

" စာကြည့်ခန်းမှာပဲပြောင်းသင်ကြမယ် .. ဆရာမကင်မ် "

" ဟုတ် .. ဟုတ်ကဲ့ သခင်လေး "

နောက်မှကပ်လိုက်လာတဲ့ ကိုယ်ရံတော်တွေကိုလျစ်လျူရှုပြီး စာကြည့်ခန်းဆီကို ဉီးတည်ကာသွားမိ၏။spy အစ်မကို အခန်းထဲအရင်၀င်ခိုင်းကာ ဂျယ်ဟျော့ကတော့ နောက်မှ၀င်ရန်ကြံလိုက်၏။

" အပြင်မှာပဲစောင့်နေ .. ငါအခန်းထဲမှာပဲရှိနေမှာ "

" ဒါပေမယ့် .. သခင်ကြီးက "

ꜱɪᴅᴇ ᴛᴏ ꜱɪᴅᴇWhere stories live. Discover now