ဝတ္ထုဖတ်ခြင်း 1

4.9K 88 4
                                    

<Unicode>
လွန်း‌မေလင်း က hell ဆိုတဲ့အမှောင်ဂိုဏ်း၏ ခေါင်းဆောင်ဖြစ်သည်။မိန်းကလေးဆိုပေမဲ့တိုက်ရည်ခိုက်ရည် ကျွမ်းကျင်ပြီး ဖြတ်ထိုးဉာဏ်လည်းအလွန်ကောင်းသည်။ရုပ်ရည်ကလည်း ပြောစရာမလို...

ဒီလို အဆင်းရောအချင်းရောပြည့်စုံပေမဲ့ သူ့ဘဝက အထီးကျန်ဖို့ကောင်းလှသည်။အမှောင်လောက ကမို့ရန်သူကလည်းများလွန်းလှတာကြောင့် သူစိမ်းဆို ဘယ်သူနဲ့မှ အရောမဝင်မိအောင်နေသည်။ဒီလောက က သတိတစ်ချက်လွတ်တာနဲ့ အသက်အန္တာရယ်စိုးရိမ်ရသည်။

ဒီလိုအထီးကျန်ဖို့ကောင်းတဲ့ဘဝမှာ အဖော်ဆိုလို့ Wattpad ကဝတ္ထုတွေဘဲရှိတာမို့ ဝတ္ထုတွေအကုန်ဖတ်ဖြစ်သည်။

တနေ့ အမည်မသိစာရေးစရာရေးတဲ့

"ချစ်သည်"

ဆိုတဲ့ဝတ္ထုကိုဖတ်ဖြစ်ခဲ့သည်။

......................……………………………………

ချစ်သည်

"လမင်းနွယ် !!! သမီးထတော့ အောက်မှာ သား နေခြည်ပိုင် ရောက်နေပြီ"

"ထပြီမေမေ အဝတ်အစားလဲပြီးဆင်းခဲ့မယ်"

"အမြန်လုပ်နော်"

"ဟုကဲ့အမေ"

လမင်းနွယ်လည်း သူ့အမေ ဒေါ်ဝေဝေလင်း ကိုပြန်ဖြေလိုက်သည်။ ရေချိုးခန်းကိုဝင်ပြီး မျက်နှာသစ် သွားတိုက်ပြီး ‌အဝတ်အစားလဲလိုက်သည်။ခါး‌လောက်ရှည်တဲ့ဆံပင်ကို ကျစ်ဆံမြီးကျစ်လိုက်ပြီး makeupပါးပါးလေးလူးကာ သနပ်ခါးပါးကွက်ကြားလိမ်းလိုက်သည်။

‌လွယ်အိတ်လေးကို တဖက်ထဲလွယ်ပြီး အောက်ကိုဆင်းလာလိုက်သည်။ထမင်းစားခန်းထဲဝင်ပြီး မနက်စာအဖြစ်ကော်ဖီနဲ့ ကိတ်မုန့်ကိုစားလိုက်ပြီး နေခြည်ပိုင် နဲ့အတူကျောင်းကိုလမ်းလျှောက်သွားကြသည်။

ကျောင်းက အိမ်နဲ့သိပ်မဝေးတာကြောင့်လမ်းလျှောက်ပြီးဘဲသွားဖြစ်ကြသည်။လမင်းနွယ်နဲ့နေခြည်ပိုင် က အိမ်နီးနားချင်းတွေဖြစ်ပြီးငယ်ငယ်ကတည်းက ကျောင်းအတူတူသွားဖြစ်ကြသည်။

မိသားစုနှစ်ခုလုံးက ချမ်းသာတဲ့အသိုင်းအဝိုင်းကဖြစ်ကြပြီး မိဘတွေကလည်း အချစ်ဆုံးသူငယ်ချင်းတွေဖြစ်သည်။

သနားစရာဇာတ်ကောင်ထဲရောက်သွားပြီ (Complete)Where stories live. Discover now