transmigrate 1

1.8K 69 6
                                    

<Unicode>
ချစ်သည် ဆိုတဲ့ဝတ္ထုကိုဖတ်ပြီးတာနဲ့ လွန်းမေလင်း တယောက် လမင်းနွယ်ကိုစိတ်ပျက်သွားသည်။

"ကိုယ့်အပေါ်ဒီလောက်ရက်စက်တဲ့ အကောင်ကို ချစ်တယ်တဲ့ စောက်ပိုတွေ အား စိတ်တိုလာပြီ ဇာတ်လိုက်ကလည်း လအ ငတုံးလား မေ ဆိုတဲ့ကောင်မ ပြောတဲ့စကားတွေအကုန်ယုံနေတယ် ဟူး စိတ်လျော့ လွန်းမေလင်း စိတ်တိုတာက ရုပ်ရင့်စေတယ် ဟူး"

လွန်းမေလင်းလည်း ဖုန်းကိုကြည့်ရင်း လေမှုတ်ထုတ်လိုက် ရှုသွင်းလိုက်လုပ်နေသည်။ဆယ်ခါလောက် လေရှုသွင်းလိုက် ထုတ်လိုက်လုပ်ပြီးမှ

"အရူးတွေဘဲချစ်ကြတာ ငါ့လို တယောက်တည်းနေရင် နာကျင်စရာလည်း မလိုဘူး မျက်ရည်လည်းကျစရာမလို လမင်းနွယ် နင်ကိုက လျှာရှည်ပြီး ကိုယ့်ကိုမချစ်တဲ့လူကို သွားချင်တာကို ဟင့် ပြောသာပြောရတာ လမင်းနွယ်ကိုသနားလိုက်တာ နောက်ဘဝတွေဆိုတာရှိရင် လမင်းနွယ် ချစ်တဲ့လူနဲ့ပေါင်းရပါစေ "

လွန်းမေလင်း လည်း  နာရီကြည့်လိုက်တော့ ည ၁၁ ရှိပြီမို့အိပ်ဖို့ပြင်လိုက်တော့သည်။မနက်ဖြန်လည်း  ဂိုဏ်းတစ်ခုနဲ့လက်နက်ရောင်းဝယ်ရမှာမို့ စောစောအိပ်လိုက်တော့သည်။သူတို့ ဂိုဏ်းနဲ့တခြားလူတွေ အရောင်းအဝယ်လုပ်ရင် sky ဆိုတဲ့ဂိုဏ်းကအမြဲနှောက်ယှက်လေ့ရှိတာကြောင့် ဂိုဏ်းခေါင်းဆောင် တည်ငြိမ်အေး ဆိုတဲ့လူနဲ့က ရန်သူလိုဖြစ်နေသည်။မနက်ဖြန်အရောင်းအဝယ်ကိုတော့ မနှောက်ယှက်ဖို့‌ မျှော်လင့်ရတာဘဲ....

မနက် ၅ နာရီ လွန်းမေလင်း အိပ်နေတုန်း

"လမင်းနွယ် တံခါးဖွင့်စမ်း အခုထိမထသေးဘူးလား ထမင်းဟင်းချက်ရမယ်ဆိုတာ မသိဘူးလား ထစမ်း လမင်းနွယ်"

လွန်းမေလင်းသည် သူအိပ်နေတဲ့အချိန်နှောက်ယှက်တာအမုန်းဆုံးဖြစ်သည်။သူအိပ်နေတဲ့အချိန်ဆို အသံတခုခုကြားရင် စိတ်တိုပြီး သောင်းကျန်းတော့တာဘဲ...အခုတော့ ဆူညံနေရုံတင်မက အသံပြဲနဲ့အော်နေပြိး တံခါးကိုလည်း တဒုန်းဒုန်းထုနေတာကြောင့် ယဉ်ယဉ်ကျေးကျေးနဲ့ဘဲ လှမ်းအော်ဆဲတော့သည်။

"ဘယ်က ငါးစိမ်းသည်လဲ လူအိပ်နေတာမသိဘူးလား နားညီးတယ် စောက်ပေါက်ကိုပိတ်ပြီး လစ်လိုက်တော့ မဟုရင် နောက်နေ့နေမမြင်ရဘဲ နေလိမ့်မယ် တောက်စ်"

သနားစရာဇာတ်ကောင်ထဲရောက်သွားပြီ (Complete)Where stories live. Discover now