14

1.5K 61 1
                                    

<Unicode>
လမင်းနွယ်နဲ့ လိုင်းလည်းပင်လယ်မှာ တစ်ဝကြီး နေပြီး မိုးချုပ်ခါနီးမှအိမ်ကိုပြန်လာကြသည်။လမင်းနွယ်လည်းအိမ်ထဲဝင်ခါနီး နေခြည်ပိုင် ပြန်လာပြီလားဆိုတာ သိချင်လို့ နေခြည်ပိုင်တို့အိမ်ဆီ ပြန်သွားလိုက်သည်။

အိမ်ထဲဝင်လာတော့ နေခြည်ပိုင်အခန်းကလွဲပြီး တစ်အိမ်လုံးက သရဲခြောက်မတက် တိတ်ဆိတ်ပြီး မှောင်မဲနေသည်။ခနကြာတော့ နေခြည်ပိုင်အခန်းကနေ ငိုရှိုက်သံတွေကြားတာကြောင့် ဝိဉာဏ်လွန့်မတက်ကြောက်လန့်ပြီး

"အား သရဲ !!!!"

အော်ကာ နေခြည်ပိုင်အခန်းဆီအမြန်ပြေးဝင်လိုက်သည်။အခန်းဆီရောက်တော့ ခေါင်းမှာလည်းသွေးတွေစီးကျနေပြီး လက်ဆစ်တွေမှာလည်း သွေးတွေက မြင်မကောင်း ပြီးတော့မျက်နှာမှာလည်း ဒဏ်ရာတချို့ရှိနေပြီး မျက်ဝန်းထဲက မျက်ရည်တွေစီးကျပြီး ငိုရှိုက်နေတဲ့‌ နေခြည်ပိုင်ကို‌ တွေ့လိုက်ရသည်။သူ့ကိုမြင်‌‌တော့မျက်ရည်တွေနဲ့ကြည့်လာပုံကသနားစရာ‌ကောင်းလှသည်။

လမင်းနွယ်လည်း နေခြည်ပိုင်ထိုင်နေတဲ့ကုတင်မှာ ဝင်ထိုင်ပြီး

"ဘယ်လိုဖြစ်တာလဲ မျက်နှာမှာရောသွေးတွေနဲ့ အန်တီတို့ကရော ဘယ်သူမှမရှိဘူးလား"

"ဟင့် နွယ် "

"အန်တီတို့ရောလို့ ဆေးရောထည့်ပြီးပြီလား"

"ဟင့်အင်း အမေတို့လည်း ဘယ်သွားလဲမသိဘူး ကိုညနေက လမ်းလျှောက်ပြီးပြန်လာတော့ လမ်းမှာလူမိုက်တွေနဲ့တွေ့လို့ သူတို့က ဝိုင်းချကြလို့ မနည်းတောင်းပန်ပြီးပြန်လာရတာ အိမ်ကိုလည်းမိုးချုပ်မှ ပြန်ရောက်တာ အမေတို့ကိုရှာကြည့်တော့လည်းမတွေ့တာကြောင့် ထိုင်ငိုနေတာ အီးဟီး ဆေးတွေလည်းထည့်မလို့ရှာတာမတွေ့လို့ ခေါင်းကပိုမူးလာလို့ သက်သာလိုသက်သာငြားဆိုပြီး နံရံကိုလက်တီးနဲ့ထိုးကြည့်တာပိုနားသွားတယ်🥺🥺"

"ရူးနေလား ခေါင်းမူးရင် နံရံကိုလက်တီးနဲ့ထိုးရတယ်လို့ဘယ်သူကပြောထားလို့လဲ ခနနေအုံး ဆေးထည့်ပေးမယ်"

လမင်းနွယ်လည်း အခန်းပြင်ထွက်ပြီး

'လိုင်း ငါ့ကို ငါ့အိမ်ကဆေးသေတ္တာယူပေးအုံး'

သနားစရာဇာတ်ကောင်ထဲရောက်သွားပြီ (Complete)Where stories live. Discover now