7

1.6K 64 0
                                    

<Unicode>
မေလည်း ရိုက်ခံရတဲ့ပါးကိုကိုင်ပြီး

"လမင်းနွယ် နင်"

"နင်ဘာဖြစ်လဲ ငါ့အသားကိုနောက်တခါထိရဲထိကြည့် နေဝင်သွားမယ်မှတ်"

လမင်းနွယ်နဲ့မေ အကြည့်နဲ့စစ်တိုက်နေတုန်း ဦးမင်းပိုင်က

"နှစ်ယောက်လုံးတော်ကြတော့ အစည်းအဝေးခန်းမှာဆိုတာရော သိကြသေးလား "

"ဦးမင်းပိုင်ရဲ့ချွေးမက အရင် လာစတာနော် ဆုံးမမဲ့ လူမရှိလို့ရိုင်းနေတာထင်တယ် ဟုလောက်တယ် ဆုံးမမဲ့အကိုကလည်း ရူးလို့သက်သေသွားတာဆိုတော့ ရိုင်းနေတာမဆန်းပါဘူး"

"နင် ငါ့အကိုကိုဘာမှပြောစရာမလိုဘူး "

"တောင်းပန်ပါတယ် နွယ် မေ ပြသနာမရှာနဲ့တော့ လာခဲ့"

ဆိုပြီး နေခြည်ပိုင်က လက်က‌ဆွဲပြီး နေရာမှာသွားထိုင်ခိုင်းလိုက်မှ ရန်ပွဲကရပ်သွားသည်။သူတို့လည်း ပြောစရာရှိတာတွေပြောပြီးတော့ ဦးမင်းပိုင်က

"ကဲ အားလုံးဘဲအစည်းအဝေးက ဒီလောက်ပါဘဲ ကျနော့်သားကိုလည်း အားလုံး.... "

ဦးမင်းပိုင် စကားမဆုံးခင် အစည်းအဝေးခန်းတံခါးက ပွင့်လာပြီး အမျိုးသမီးတစ်ယောက်ဝင်လာသည်။

"နေကြပါအုံး ကျမအကုန်လုံးသိအောင်ပြောပြစရာရှိသေးလို့"

ဒေါ်နီလာလွင်လည်း စာချုပ်တခုကိုကိုင်ပြီး ဦးမင်းပိုင်ဘေးမှာသွားရပ်လိုက်ပြီး လမင်းနွယ်ကို ခနဲ့ပြုံးပြုံးပြလိုက်သည်။

"ဒီစာချုပ်က လမင်းနွယ်အဖေ ဦးနိုင်မင်း ကျမတို့ကုမ္ပဏီက ပိုက်ဆံတွေ လိမ်ယူထားတဲ့သက်သေပါ အဲ့ကြောင့် ဦးနိုင်မင်းကို ရှယ်ယာရှင်အဖြစ်ကနေ ထုတ်ပယ်ဖို့ကျမအကြံပြုချင်တယ် ခများတို့သဘောကရော"

"ဟာ "

"ဟင် မဖြစ်နိုင်တာ"

"တကယ်ကြီးလား "

"မထင်ရဘူး"

ဒေါ်နီလာလွင်ပြောလိုက်တော့ ရှယ်ယာရှင်တွေအကုန်လုံးစီက စကားတွေတယောက်တပေါက်ထွက်လာသည်။

"သေချာလို့လား"

"ဘာကိုလဲ လမင်းနွယ်"

"ကျမအဖေ ပိုက်ဆံတွေယူထားတယ်ဆိုတာလေ"

သနားစရာဇာတ်ကောင်ထဲရောက်သွားပြီ (Complete)Where stories live. Discover now