<Unicode>
လမင်းနွယ်လည်း တဖြေးဖြေးနဲ့တောင်အောက်ကိုဆင်းလာလိုက်သည်။ပစ္စည်းတွေကိုတော့ ဟိုတယ်ဝန်ထမ်းတယောက်ကိုအကူအညီတောင်းပြီး ပို့ခိုင်းရသည်။လမင်းနွယ်လည်း ကားငှါးကာ အိမ်ကိုပြန်လာတော့ အမေက မောင့်ကိုမေးလာတာကြောင့် အိမ်ပြန်သွားပြီလို့သာလိမ်ညာလိုက်ရသည်။အမေရှေ့မှာမို့ ကိုယ်ဟန်ကို နာကျင်ဟန်မပြဘဲ ဒီတိုင်းသာမာန်လိုနေပြရတာက အရမ်းနာကျင်လွန်းတာကြောင့်အမေ့ကိုအမြန်နှုတ်ဆက်ပြီး အခန်းဆီဝင်သွားကာအိပ်ယာပေါ်လှဲလိုက်မိသည်။
မောင်က နောက်တနေ့ရောက်လာပြီး ပြန်တောင်းပန်လေတော့ နှလုံးသားကအမှတ်မရှိခွင့်လွှတ်ပေးပြန်သည်။
ဒီလိုနဲ့မောင်နဲ့အတူတူနေပြီးတာ 3လလောက်ပြည့်တော့ ဗိုက်ကနည်းနည်းဆူလာသည်။အိမ်ကလူတွေကိုတော့အစားများပြီး ဗိုက်ခေါက်ထွက်လာတာလို့ဘဲလိမ်ညာထားရသည်။အစားစာတိုင်းလည်းပြန်အန်တာကြောင့် အမေက မသက်ာဘဲ စစ်မေးလာတော့သည်။
လမင်းနွယ်လည်း နေခြည်ပိုင်နဲ့လွန်ခဲ့တဲ့3လကအတူတူနေခဲ့မိကြောင်း ပြောပြတော့အမေက ဆေးစစ်ဖို့ယုံကြည်ရတဲ့ဆရာဝန်ဆီခေါ်သွားပြသည်။
"သမီးမှာကိုယ်ဝန် 3 လရှိနေပြီ ကလေးအဖေနဲ့လက်ထပ်ပွဲအမြန်လုပ်ကြတော့ ဗိုက်ထွက်တာသိသာသွားရင် သမီးကိုလူတွေဝိုင်းကဲ့ရဲ့လိမ့်မယ် နားလည်လားသမီး"
"ဟုကဲ့ပါ ဆရာ "
"ပြန်လိုက်ပါအုံးမယ် ခွင့်ပြုပါအုံး"
ဒေါ်ဝေဝေလင်း နဲ့လမင်းနွယ်လည်း အိမ်ကိုပြန်လာပြီး ဖခင်ကိုပြောပြကာ နေခြည်ပိုင်တို့အိမ်ထဲ ဆေးစစ်ချက်ကို ယူပြီး သားအဖတို့သုံးယောက်ဝင်သွားကြသည်။သူတို့ဝင်လာတာကို နေခြည်ပိုင်ရဲ့အမေနဲ့အဖေဖြစ်သူ ဒေါ် နီလာလွင်နဲ့ ဦးမင်းပိုင်က တွေ့တော့
"ဘာကိစ္စများရှိလို့လဲ မသိဘူး"
"သားနေခြည်ပိုင်ရှိလား မနီ"
"မရှိဘူး ဘာဖြစ်လို့လဲ မလင်း"
"ဟို သမီး လမင်နွယ်မှာလေ သားပိုင်နဲ့ရတဲ့ကိုယ်ဝန်ရှိနေပြီ"
KAMU SEDANG MEMBACA
သနားစရာဇာတ်ကောင်ထဲရောက်သွားပြီ (Complete)
RomansaHell ဆိုတဲ့အမှောင်ဂိုဏ်းခေါင်းဆောင် ဖြစ်တဲ့ လွန်းမေလင်းက သူဖတ်တဲ့ ချစ်သည် ဆိုသည့်ဝတ္ထုထဲ ဝိဉာဏ်ကူးပြောင်းသွားခဲ့သည်။ Start date .....5.8.2023 End date........27.8.2023