3

1.7K 57 0
                                    

<Unicode>
လမင်းနွယ်နဲ့နေခြည်ပိုင်လည်း တောင်ကို စတက်လာကြသည်။တောင်တစ်ဝက်ရောက်တော့

"မောင် နွယ်ညောင်းလာပြီ ခနနားရအောင်နော်"

"အင်း ခနဘဲနားနော် မဟုရင် တောင်ပေါ်ကို ရောက်တာနဲ့မိုးလင်းသွားအုံးမယ်"

"အင်းပါမောင်ကလည်း နွယ့်ထက်တောင် တောင်ပေါ်ကိုအရင်ရောက်ချင်နေသလိုဘဲ"

"တောင်ပေါ်ရောက်ရင် မောင်လုပ်ချင်တာ တခုရှိလို့ပါ"

"အင်းပါမောင်ရဲ့ အဲ့ဆိုလည်းဆက်တက်ရအောင်လေ"

လမင်းနွယ်တို့လည်း ဆက်တက်ပြီး နာရီဝက်လောက်ကြာတော့ တောင်ပေါ်ကိုရောက်လာလေသည်။လမင်းနွယ်လည်း ရောက်တာနဲ့ လက်နှစ်ဖက်ကိုဆန့်တန်းပြီး မျက်လုံးမှိတ်ကာ တောင်ပေါ်လေကို တဝကြီးရှုပြစ်လိုက်သည်။

"နွယ်အမြန်လုပ် တည်းခိုခန်းသွားပြီး အခန်းအရင်ငှါးရအောင် မဟုရင်အခန်းမရဘဲနေလိမ့်မယ်"

"ဟုမောင်"

နေခြည်ပိုင်လည်း တည်းခိုခန်း ကိုသွားပြီးကောင်တာမှာအခန်းတခုဘဲသွားငှါးလိုက်သည်။

"မောင်အခန်းက တခန်းဘဲလား"

"အင်းလေ ဘာလဲနွယ်က မောင်နဲ့တခန်းထဲမနေချင်လို့လား"

"မဟုပါဘူး တခန်းထဲဆိုတော့လေ တမျိုးကြီးဖြစ်နေမလားလို့"

"ဘာမဖြစ်ဘူး လာအခန်းဆီသွားရအောင်"

နေခြည်ပိုင်လည်း လမင်းနွယ်လက်ကိုဆွဲလိုက်ပြီး အခန်းဆီခေါ်သွားသည်။

"နွယ် ပစ္စည်းတွေ ကုတင်ဘေးမှာချထားလိုက် ပြီးရင်အနွေးထည်ဝတ်ပြီး ရှုခင်းသွားကြည့်ရအောင်"

"အင်းပါ မောင်ချစ်တယ်"

"အင်း အမြန်လုပ်"

လမင်းနွယ်တို့လည်း အဝတ်ထည်ကိုယ်စီဝတ်ပြီး ရှုခင်းသွားကြည့်ကြသည်။H မြို့က အပေါ်စီးက ကြည့်ရင်အလွန်လှသည်။ညအချိန်မို့ မီးရောင်တွေကတမြို့လုံးအပြည့် ကားကလည်းလမ်းမထက်လှုပ်ရှားနေတာက မြို့ကိုပိုပြီးသက်ဝင်လှုပ်ရှားစေသည်။

သနားစရာဇာတ်ကောင်ထဲရောက်သွားပြီ (Complete)Where stories live. Discover now