11

1.5K 60 0
                                    

<Unicode>
လမင်းနွယ်နဲ့ သူ့အဖေလည်း အလုပ်တွေလုပ်ပြီး နေ့လည်ထမင်းစားချိန်တွင် ‌အိမ်ပြန်စားကြသည်။ညနေတွင်လည်း မိသားစုတွေအပြင်ဒေါ်နီလာလွင်နဲ့ ဦးမင်းပိုင် တို့နဲ့အတူ ပျော်ရွှင်စွာစား‌သောက်ကြသည်။

နောက်တနေ့ရောက်‌တာ့ အကုန်လုံး ဧည့်ခန်းမှာစုဝေးထိုင်ပြီး ကလေးနာမည်မှည့်ဖို့ပြင်နေကြသည်။

"ဟို ကျမတခုတောင်းဆိုလို့ရမလား မဝေ"

"ပြောလေ မနီ"

"သားကိုရော ခေါ်လိုက်လို့ရမလား မရဘူးဆိုလည်း အဆင်ပြေပါတယ် သားကရှေ့တလကစပြီး သူ့သားကိုတခါမှမတွေ့ဖူးလို့ တခါလောက်တွေ့စေချင်လို့ပါ ပြီးတော့ မြေးလေးနာမည်ကိုလည်း သိစေချင်လို့ပါ"

"ရပါတယ်ရှင် သားပိုင်လည်း ကလေးအဖေဘဲကို သမီးကရော ဘယ်လို‌သဘောရလဲ"

"ဟု ရပါတယ် အဲ့ဆို သမီးသွားခေါ်လိုက်မယ်လေ"

"ကျေးဇူးပါ သမီးရယ်"

လမင်းနွယ်လည်း နေခြည်ပိုင်ကို ခေါ်ဖို့ ဘေးအိမ်ကို ကူးလာလိုက်သည်။အခုက မနက် ၆:၃၀ ဘဲရှိသေးတာကြောင့် အလုပ်မသွားလောက်သေးဘူး....

လမင်းနွယ် နေခြည်ပိုင်တို့အိမ်ရောက်တော့ ခြံထဲဝင်ရုံဘဲရှိသေးတယ် ရန်ဖြစ်သံတွေကြားလိုက်ရသည်။
လမင်းနွယ်လည်း မဝင်သေးဘဲ စကားသံတွေနားထောင်နေလိုက်သည်။

"ကွာရှင်းစာချုပ်မှာအေးဆေးလက်မှတ်ထိုးလိုက် ငါအငြင်းမပွားချင်ဘူးနော် မေ"

"မထိုးပေးနိုင်ဘူး ပြီးတော့ရှင်နဲ့လည်း ပျော်ရွှင်တဲ့မိသားစုလေး ဖန်တီးအုံးမှာ"

"ဘာ မိသားစု"

"ဟုတယ်‌ကိုနေ မေမှာလေ ကိုနေနဲ့ရတဲ့ကိုယ်ဝန်ရှိနေပြီ"

"မဖြစ်နိုင်တာတွေမပြောနဲ့မေ နင်နဲ့ငါဘယ်တုန်းက အတူနေဖူးလို့လဲ"

"ကိုနေ အရင်တပတ်က အရက်မူးနေတဲ့အချိန်ကလေ မမှတ်မိတော့ဘူးလား မေလည်းအစက လင်မယားမို့လို့ ဘာမှမပြောတော့ဘူးဆိုပြီးတွေးထားတာ အဲ့ချိန်ကစပြီး နေရတာသိပ်မကောင်းလို့မသက်ာတာနဲ့ မနေ့ကဆေးစစ်ကြည့်တာ ကိုယ်ဝန်က တစ်ပတ်ရှိပြီတဲ့ "

သနားစရာဇာတ်ကောင်ထဲရောက်သွားပြီ (Complete)Nơi câu chuyện tồn tại. Hãy khám phá bây giờ