5

1.6K 66 0
                                    

<Unicode>
လမင်းနွယ်နဲ့သူ့အဖေလည်းရုံးခန်းရောက်တော့

"အဖေ နေခြည်ပိုင်တို့ကုမ္ပ‌ဏီမှာရှယ်ယာဝင်ထားသေးလား"

"ဝင်ထားတယ်လေ ဘာဖြစ်လို့လဲ"

"အဲ့ရှယ်ယာတွေကို သမီးကိုလွှဲပေးပါလား"

"သမီး နေခြည်ပိုင်နဲ့တွေ့ရင် အဆင်ပြေပါ့မလား"

"ပြေပါတယ်အဖေရဲ့"

"အင်းပါ အဲ့ဆိုအဖေ ရှယ်ယာရှင်နာမည်မှာ သမီးနာမည်ပြောင်းလိုက်မယ်နော်"

"ဟုဖေဖေ"

"အော် မေ့တော့မလို့ ဒီနေ့ ညနေ၃နာရီ  နေခြည်ပိုင်တို့ ကုမ္ပဏီမှာ ရှယ်ယာရှင်အစည်းအဝေးရှိတယ် အဲ့ဒါသမီးသွားလိုက်နော်"

"ဟု သမီး ကုမ္ပဏီထဲလိုက်ပြီးကြည့်လိုက်အုံးမယ်နော်"

"အင်းအင်း အဖေလည်း လက်မှတ်ထိုးစရာတွေရှိသေးလို့ တယောက်ထဲလိုက်ကြည့်လိုက်နော် ရလား"

"ရပါတယ်အဖေရဲ့ အဲ့ဆိုသွားကြည့်လိုက်အုံးမယ်"

"အေအေ"

လမင်းနွယ်လည်း သူ့အဖေကိုနှုတ်ဆက်ပြီး ရုံးခန်းအပြင်ထွက်ကာ ကုမ္ပဏီကိုလိုက်ကြည့်လိုက်သည်။
ကုမ္ပဏီက အထပ်ဆယ်ထပ်ရှိပြီး အထပ်တိုင်းမှာတော့ဝန်ထမ်း ငါးဆယ်ဆီရှိသည်။အကုန်လုံးက ကိုယ်နဲ့သက်ဆိုင်တဲ့အလုပ်တွေကိုသေသေချာချာလုပ်ကြသည်။

လမင်းနွယ်လည်း ကုမ္ပဏီကိုလိုက်ကြည့်ပြီးတော့ ၁၁နာရီခွဲပြီမို့ သူ့အဖေနဲ့အိမ်ပြန်ပြီးနေ့လည်စာ ပြန်စားလေသည်။လမင်းနွယ်လည်း အိမ်ရောက်တော့ သု့အမေက သားလေးကိုပွေ့ပြီး ချော့နေသည်။

လမင်းနွယ်လည်း သူ့အမေလက်ထဲကနေ သားကိုလွှဲယူလိုက်ပြီး နို့တိုက်ပြီး ပြန်ချော့သိပ်လိုက်တော့ သားလေးကပြနိအိပ်သွားသည်။လမင်းနွယ်လည်း သားအိပ်သွားမှ ထမင်းစားလေသည်။ထမင်းစားနေတဲ့အချိန်

'host အရေးကြီးပြောစရာရှိတယ်'

'ပြောလေ ဘာပြောမလို့လဲ'

'ဒေါ်နီလာလွင်တို့ ကုမ္ပဏီက ပိုက်ဆံသိန်းတစ်ထောင်ပျောက်နေလို့ မေ က host တို့ ခိုးတာဆိုပြီး နေခြည်ပိုင်တို့ကိုပြောနေတယ်'

သနားစရာဇာတ်ကောင်ထဲရောက်သွားပြီ (Complete)Nơi câu chuyện tồn tại. Hãy khám phá bây giờ