15 (transmigrate end)

1.7K 51 0
                                    

<Unicode>
"ရှင့်နာမည်ဘယ်လိုခေါ်လဲ"

"မင်းယောက်ျား"

"ဟမ် မနောက်နဲ့"

"မနောက်ပါဘူး ထားပါတော့ အခု မိန်းမက ကိုယ်နဲ့တစ်ညလုံးအတူတူအိပ်ပြီးပြီ ဆိုတော့ ကိုယ့်ကို တာဝန်ယူရမှာနော်"

"အိပ်ပေမဲ့ ဘာမှမ မဖြစ်တာ ဘာလို့တာဝန်ယူရမှာလဲ"

"မိန်းမက ကိုယ့်ကို ဘယ်လိုယောက်ျားများမှတ်နေတာလဲ"

"ဘယ်လိုယောက်ျားမှ မမှတ်ဘူး ရှင်းပြီလား လွှတ်အုံး အိမ်ပြန်တော့မယ် "

"မလွှတ်ပါဘူး ကိုယ့်ကို တာဝန်ယူမယ်ဆိုမှ လွှတ်ပေးမယ် "

"ရတယ်လေ မလွှတ်နဲ့ တစ်နေ့လုံးအိပ်ရလည်း နည်းလား စကားမပြောနဲ့တော့ ကျမပြန်အိပ်လိုက်အုံးမယ်"

"မ မဟုဘူးလေ လွန်း က ကိုယ့်ကို မချစ်လို့လား ကိုယ်ကတော့ လွန်းမေလင်းဘဝမှာရော လမင်းနွယ်ဘဝမှာရော ချစ်လိုက်ရတာ အဟင့် လွန်း ရက်စက်တယ် ကိုယ့်ကို ပြန်မချစ်နိုင်ဘဲ မျှော်လင့်ချက်တွေပေးတယ် တော်ပါပြီ လောကကြီးမှာနေရတာ မပျော်တော့ဘူး နတ်ပြည်သွားတာဘဲကောင်းပါတယ် နှုတ်ဆက်ပါတယ် လွန်း"

"လွန်းလို့ခေါ်လိုက် နွယ်လို့ခေါ်လိုက်နဲ့ ရှုပ်နေတာဘဲ သေချင်တာမလား သွားသေ အိပ်နေတာမနှောက်ယှက်နဲ့"

"အသည်းလုံးမရှိတဲ့လူ နင်က အသည်းနှလုံးမရှိတဲ့လူ တကယ်သတ်သေတော့မှာနော် အခုချိန်တားရင်မှီသေးတယ်နော် မတားတော့ဘူးလား "

"မတားပါဘူး ဆိုနေမှ နားညီးလာပြီ အမြန်သွားသေတော့"

"Ok လေ သေပြီးသရဲဖြစ်သွားလို့ကတော့ အချိန်ပြည့်လာခြောက်နေမှာ အဲ့တော့မှ မောင်ရေ မခြောက်ပါနဲ့ ချစ်ပါတယ် ဆိုလို့ကတော့ သရဲအဖြစ်နဲ့ပါးလာချမှာနော်"

"ဒီကောင် သေမှာဖြစ်မသေဘူး လာခြောက်နေသေးတယ် မချစ်...."

လမင်းနွယ် စကားမဆုံးခင် လိုင်းက

'host ရယ် ပြန်ချစ်လိုက်ပါ mission နော် mission  သူသေသွားရင် host က ဒီဝတ္ထုမှာဘဲပိတ်မိနေမှာ သူများတွေအသက်ကြီးပြီး သေသွားရင်တောင် host က မသေဘဲ ပိတ်မိနေမှာ လွန်းမေလင်းဘဝမှာလည်း သေသွားမှာ '

သနားစရာဇာတ်ကောင်ထဲရောက်သွားပြီ (Complete)Where stories live. Discover now