3

1.7K 68 4
                                    

<Unicode>
သူ့အဖေလက်ထဲမှာတော့ အနှီးနဲ့ပတ်ထားတဲ့ ကလေးနီတာရဲလေးရှိနေသည်။

"အဖေ ဒါသမီးရဲ့ သားလေးလား ပွေ့ကြည့်ချင်တယ်"

"ဟုတယ် ကြည့်ပါအုံး ချစ်စရာလေး"

လမင်းနွယ်လည်း ကလေးကိုပွေ့ယူလိုက်ပြီး ချော့မြူလိုက်သည်။ကလေးက တကယ့်ကိုချစ်စရာလေး

လမင်းနွယ်လည်း ဆေးရုံမှာတပတ်လောက်နေပြီး အိမ်ကိုပြန်လာကြသည်။ကားရှေ့ခန်းမှာ အမေနဲ့အ‌ ဖေကထိုင်ပြီး နောက်ခန်းမှာတော့လမင်းနွယ်က ကလေးပွေ့ပြီး ထိုင်နေသည်။အိမ်ပြန်တဲ့လမ်းမှာလည်း နေခြည်ပိုင် ရဲ့အခြေအနေသိရ‌အောင်မေးဖို့ကလည်း သူ့ system ဖြစ်တဲ့ လိုင်းက ‌သူများ system လိုဘေးမှာ မရှိ...

လမင်းနွယ်လည်း လေဝင်အောင်လို့ ကားမှန်ကိုချပြီး
ပတ်ဝန်းကျင်ကိုကြည့်ပြီးစီးလာလိုက်သည်။သူတို့အိမ်မ‌ရောက်ခင် နေခြည်ပိုင်အိမ်ရှ့ကားဖြတ်သွားတော့ နေခြည်ပိုင်နဲ့မေ ရန်ဖြစ်နေတာလှမ်းတွေ့လိုက်သည်။

မေက အပြင်သွားမလို့ထင်တယ် ပြင်ဆင်ထားတာက အပျိုတွေ‌တောင်ရှုံးလောက်သည်။နေခြည်ပိုင်က မသွားဖို့တားနေသည့်ပုံပြင် လက်ကိုလှမ်းဆွဲပြီး စကားတွေအော်ပြော‌နေကြသည်။ သူတို့နှစ်ယောက်လက်ထပ်ထားတာ အခုဆို တစ်လကျော်ရှိလောက်ပြီ...

လမင်းနွယ်တို့ကားဖြတ်သွားတော့ နေခြည်ပိုင်က လမင်းနွယ်ကို တချက်လှမ်းကြည့်လိုက်သည်။သူ့မျက်ဝန်းမှာလည်း ဝမ်းနည်းနေဟန် ပြီးတော့ မေကို ဘာတွေပြောလိုက်လဲမသိ...

လမင်းနွယ်တို့ကား ခြံထဲဝင်သွားတော့ မေလည်း ကားတစ်စီးနဲ့အပြင်ထွက်သွားတာလှမ်းတွေ့လိုက်သည်။နေခြည်ပိုင်ကတော့ ခေါင်းခါကာ အိမ်ထဲဝင်သွားတာတွေ့လိုက်ရသည်။

လမင်းနွယ်လည်း သူနဲ့မဆိုင်တာကြောင့် မသိသလိုနေပြီး က‌လေးပွေ့ကာအိမ်ထဲဝင်သွားလိုက်သည်။mission ထဲမှာ နေခြည်ပိုင်နဲ့ပတ်သက်ပြီး ပါပေမဲ့အခုချိန်တော့မပတ်သက်ချင်သေးပေ သူများအိမ်ထောင်ရေးကိုဖျက်စီးမိမှာဆိုးလို့ သူတို့ကွာရှင်းပြီးမှ တဖြည်းဖြည်း‌မြူဆွယ်တော့မယ်...

သနားစရာဇာတ်ကောင်ထဲရောက်သွားပြီ (Complete)Where stories live. Discover now