5

1.5K 46 1
                                    

<Unicode>
ဒီလိုနဲ့ လမင်းနွယ်ကိုယ်ဝန်က 6 လပြည့်တော့ ဗိုက်ကလုံးလုံးကလေးဖြစ်လာသည်။ကြားထဲမှာတော့ နေခြည်ပိုင်နဲ့ မေဆိုတဲ့အမကတော့ တွဲနေတယ်လို့သတင်းတွေကြားနေရသည်။

မောင့်ကိုမေးကြည့်တော့လဲ

"လူပါးစပ်ဘဲလျှောက်ပြောနေကြတာပါ သိပ်အလေးထားမနေနဲ့ ကိုယ်ဝန်ကိုသာဂရုစိုက်"

ဆိုပြီးပြ‌န်ပြောလေ့ရှိသည်။ကလေးကို‌ မောင်ကချစ်သားဘဲလို့တွေးမိတော့လည်း သံသယတွေဟာ မြူမှုန်တွေလို့ကွယ်ပျောက်သွားသည်။

ကိုယ်ဝန် 6 လလောက်ကျော်တော့ နေခြည်ပိုင် က အိမ်ကိုခေါ်ပြီး သူ့မိဘတွေနဲ့နေစေသည်။လမင်းနွယ်မိဘတွေက မသွားဖို့တားခဲ့သည်။လမင်းနွယ်မသွားရင် ‌မောင်က သူနဲ့ကလေးကို ထာဝရမပတ်သက်ဘဲနေလိုက်မယိုပြီးခြိမ်းခြောက်လာတာကြောင့် လိုက်သွားလိုက်သည်။

ထိုအချိန်ကစပြီး လမင်းနွယ်မိဘတွေနဲ့ဝေးခဲ့ရသည်။အမေတို့က ပြန်လာရင်အမြဲတမ်းအိမ်တံခါးဖွင့်ပြီးသားပါ အဲ့အိမ်ကိုတော့မလာတော့ဘူး သမီးရဲ့ဝမ်းနည်းနေတဲ့မျက်နှာကိုမြင်နိုင်စွမ်းမရှိလို့ပါတဲ့ မိဘတွေနဲ့မတွေ့ရတော့တာလည်းထိုအချိန်ထဲကဖြစ်သည်။

နေခြည်ပိုင်ရဲ့မိဘတွေကလည်း အစရောက်တဲ့နှစ်ရက်လောက်သာဂရုစိုက်ပြီးနောက်နေ့ကစပြီးဂရုမစိုက်တော့ပေ နေခြည်ပိုင်ကလည်း တနေ့ကို 23 ‌နာရီ‌ လောက်ကအပြင်မှာ‌ကုန်ဆုံးပြီးအိမ်မှာတွေ့ရတဲ့အချိန်ကရှားသည်။

ကိုယ်ဝန် 7 လပြည့်တော့ နေခြည်ပိုင်ရဲ့အမေက ကိုယ်ဝန်လရင့်နေတဲ့ လမင်းနွယ်ကို အလုပ်တွေခိုင်းတော့သည်။

ဥပမာ အဝတ်အစားကိုလက်နဲ့လျှော်ခိုင်းတာ၊ရေပုံးအလေးတွေ မ ခိုင်းတာ၊သု့ခြေထောက်ကိုနှိပ်ခိုင်းတာ၊ ညစာဆိုလည်း ကုန်သွားပြီဆိုပြီး တခါတလေ အငတ်နေခိုင်းသည်။

လမင်းနွယ်ကတော့သည်းခံရှာပါသည် ဘာလို့လဲဆိုတော့ မောင့်ကိုချစ်လို့ဝေးရမှာ ကြောက်လို့သာ....

တခါတလေဆို မေနဲ့မောင်က လက်ချိတ်ပြီးရီရီမောမောပြန်လာရင် မျက်ရည်တွေက
သခင့်ဆန္ဒမပါဘဲ ထွက်လာတက်သည်။

သနားစရာဇာတ်ကောင်ထဲရောက်သွားပြီ (Complete)Où les histoires vivent. Découvrez maintenant