8

1.6K 65 2
                                    

<Unicode>
လမင်းနွယ် video ပြလိုက်တော့ မေခများ ပြောစရာစကားတောင်မရှိဖြစ်သွားသည်။

"ကျန်သေးတယ်"

လမင်းနွယ်လည်း သူနဲ့မေပြောထားတဲ့အသံဖိုင်ကိုဖွင့်ပြလိုက်သည်။နေခြည်ပိုင်လည်း အသံဖိုင်ကိုကြားပြီး

"ကွာရှင်းစာချုပ်မှာ လက်မှတ်ထိုးဖို့ပြင်ထားလိုက်မေ အဖေကျနော်သွားနှင့်တော့မယ်"

"အေ အေ"

ရှယ်ယာရှင်တွေကလည်း ပါးစပ်တောင်စိချိန်မရဘဲ တချိန်လုံးအံ့ဩနေကြရသည်။

"ကျမကိုလည်း ခွင့်ပြုပါအုံး အန်တီနီလာလွင် ကတိကိုမမေ့လောက်ဘူးထင်ပါတယ် မနက်ဖြန်ကစပြီး ကျမတို့အိမ်မှာ တပတ်ပြည့်အောင် လာနေပေးမယ်လို့မျှော်လင့်ပါတယ် အကုန်လုံးခွင့်ပြုပါအုံး သွားလိုက်ပါအုံးမယ်"

လမင်းနွယ်လည်း အကုန်လုံးကို ပြောပြီး အိမ်ပြန်လာလိုက်သည်။နောက်ကလူတွေဘယ်လိုကျန်ခဲ့လဲဆိုတာ စိတ်မဝင်စားဘဲ မေ ကို ဘယ်လိုဆက်အကျင့်ယုတ်ရမလဲဆိုတာဘဲ တွေးရင်းအိမ်ပြန်လာသည်။

အိမ်ရှေ့ရောက်ပြီး နာရီကိုတချက်ကြည့်လိုက်တော့ ညနေ ၄နာရီထိုးပြီမို့ အခန်းထဲဝင် ရေမိုးချိုးပြီး ညအိပ်ဝတ်စုံလဲလိုက်သည်။၅ နာရီထိုးခါနီးမို့ အဖေအလုပ်ကပြန်လာရင် ထမင်းအတူစားဖို့ အမေ့ကို ထမင်းဟင်းတွေ ကူပြီး ပြင်ပေးလိုက်သည်။

အဖေ ပြန်လာတော့ သားလေးကိုပွေ့ပြီး နို့တိုက်ရင်းနဲ့ဘဲ မိသားစုတွေထမင်းလက်ဆုံစားနေကြသည်။

"အဖေနဲ့အမေ အန်တီနီလာလွင် သမီးတို့အိမ်မှာ တပတ်လောက် လာနေဖို့ အဆင်ပြေလားဟင်"

"ပြေပါတယ် သူငယ်ချင်းအရင်းတွေဘဲ သမီးကိစ္စကြောင့်သာမဟုရင် အခုချိန်ဆိုမိသားစုနှစ်ခု ပျော်ပျော်နေရအုံးမှာ "

"ဟို အမေ စိတ်မဆိုးဘူးလား"

"မဆိုးပါဘူး သမီးရယ် ဖြစ်ချိန်တန်လို့ဖြစ်သွားတာဘဲ ဘာမှမဖြစ်ဘူး အခုဆိုကြည့်လေ အမေနဲ့အဖေ မြေးလေးကြောင့်ဘယ်လောက်တောင်ပျော်နေရလဲ မဟုဘူးလား ဖေကြီး"

သနားစရာဇာတ်ကောင်ထဲရောက်သွားပြီ (Complete)حيث تعيش القصص. اكتشف الآن