10

1.5K 59 2
                                    

<Unicode>
ဒေါ်နီလာလွင်တို့လင်မယားငေးကြည့်နေတုန်း လမင်းနွယ်က တံခါးဝဆီအမှတ်မထင်ကြည့်မိတော့ သူတို့လင်မယားကိုတွေ့တာကြောင့်

"အန်တီတို့ရောက်ပြီကိုး လာကြလေ ထမင်းစားပြီးပြီလား တခါထဲဝင်စားလေ"

"ဟယ် မနီ ခေါ်လိုက်တာမဟုဘူး ဘယ်ချိန်ကတည်းကရောက်‌နေတာလဲ လာ လာ"

ဒေါ်ဝေဝေလင်းလည်း ထမင်းဝိုင်းထဲက ထပြီး ‌ဒေါ်နီလာလွင်ရဲ့လက်ကိုဆွဲပြီး ထမင်းဝိုင်းမှာထိုင်ခိုင်းလိုက်သည်။

"မညိုရေ ဒီမှာ မနီတို့အထုပ်တွေကို ကျမတို့လင်မယားအခန်းဘေးကအခန်းဆီထည့်ပေးပါအုံး"

"ဟု ဟု"

မညိုဆိုတဲ့အိမ်အကူ လည်း ဒေါ်နီလာလွင်တို့လင်မယားနှစ်ယောက်ရဲ့အိတ်တွေသယ်ပြီး အခန်းဆီသွားထားလိုက်သည်။

"မနီတို့ လာမယ်ဆိုတာသိပေမဲ့ စောစောလာမယ်မထင်ထားလို့ မကြိုမိတာ တောင်းပန်ပါတယ်ရှင် မနက်စာရော စားပြီးပြီလား"

"မစားရသေးဘူး ကျမ အကုန်လုံးကိုတောင်းပန်ပါတယ် ဖြစ်ခဲ့တာတွေအကုန်လုံးက ကျမကြောင့်ပါ ကျမမျက်နှာတောင်မပြဝံ့ပါဘူး"

"ဖြစ်ချိန်တန်လို့ဖြစ်တာပါ မနီကလည်း ရပါတယ် အရင်လို သူငယ်ချင်းတွေအဖြစ်ပြန်နေရရင်ကိုကျေနပ်ပါတယ်"

"ကျေးဇူးတင်ပါတယ် မဝေ ရယ်"

"ရပါတယ် ရပါတယ် ကိုမင်းပိုင်လည်း ဒီအိမ်မှာ ကြိုက်သလိုနေပါ အကြာကြီးနေလည်းရတယ်နော် ခနလေး ထမင်းခူးလိုက်အုံးမယ်နော်"

ဒေါ်ဝေဝေလင်း လည်း နီလာလွင်တို့ လင်မယားလာတာကို အရမ်းပျော်နေသလို မျက်နှာကအပြုံးတွေနဲ့ ထမင်းပန်းကန်ယူပြီး ခူးပေးလိုက်သည်။ဦးနိုင်မင်းနဲ့ဦးမင်းပိုင်ကတော့ သူတို့မိန်းမတွေကို ပြုံးပြုံးနဲ့ဘဲကြည့်နေကြသည်။

"လမင်းနွယ်ကိုလည်း အန်တီတောင်းပန်ပါတယ်"

"ရပါတယ် အန်တီရဲ့ "

"ဟို မြေးလေးကိုပွေ့လို့ရလား"

"ရတာပေါ့ အန်တီရဲ့မြေးဘဲဟာ"

သနားစရာဇာတ်ကောင်ထဲရောက်သွားပြီ (Complete)Opowieści tętniące życiem. Odkryj je teraz