4

1.7K 68 0
                                    


<Unicode>
လမင်းနွယ် နှုတ်ခမ်းအနည်းငယ်ဆူပြီး ပွစိပွစိ ရေရွတ်နေတုန်း သူ့ကိုတယောက်ယောက်က စိုက်ကြည့်နေတယ်လို့ခံစားရတာကြောင့်ပတ်ဝန်းကျင်ကိုကြည့်လိုက်တော့ ဘယ်သူမှမရှိ တေခြည်ပိုင်ရဲ့အိပ်ခန်းပြတင်းပေါက်ဆီအကြည့်ရောက်သွားတော့
နှုတ်ခမ်းအနည်းငယ်ကော့တက်ပြီး သူ့ကိုကြည့်နေတဲ့ နေခြည်ပိုင်ကိုတွေ့လိုက်ရသည်။

"ဟီး ဘာလုပ်နေတာလဲ ထမင်းမစားသေးဘူးလား"

"မစားသေးဘူး အဖေ့ကိုရှာနေတာလား"

"ဟုတယ် ထမင်းစားဖို့လိုက်ရှာနေတာ"

လမင်းနွယ်နဲ့နေခြည်ပိုင် စကားပြောနေတုန်း

"သမီးရေ ထမင်းစာမယ်တဲ့ သမီးအမေကခေါ်ခိုင်းနေတယ်"

"လာပြီအဖေ"

လမင်းနွယ်လည်း သူ့အဖေကိုပြန်ထူးလိုက်ပြီး နေခြည်ပိုင်ကို တချက်ကြည့်ကာအိမ်ထဲပြေးဝင်သွားသည်။

"အဖေက ဘယ်ရောက်နေတာလဲ သမီးက လိုက်ရှာနေတာကို"

"သန့်စင်ခန်း ခနဝင်နေလို့ပါ သမီးခေါ်တာမကြားလိုက်ဘူး"

"ဟု ထမင်းစားကြမယ် ဗိုက်အရမ်းဆာနေပြီ"

လမင်းနွယ်တို့မိသားစုသုံးယောက်လည်း စကားတ‌ ပြောပြောနဲ့ထမင်းစားနေကြသည်။

လမင်းနွယ်တို့လည်းထမင်းစားပြီးတော့ ဧည့်ခန်းမှာအသီးတွေစားရင်းစကားပြန်ပြောနေကြသည်။

"အဖေ သမီး အဖေ့ကုမ္ပဏီမှာအလုပ်ဝင်လုပ်ချင်တယ်"

"နောက်လလောက်မှ လုပ်ပါလားသမီးရယ် မြေးလေးကအခုမှ တပတ်ကျော်ဘဲရှိသေးတာကို"

"ဟု အဲ့ဆိုသမီး နောက်တလ‌ကနေအလုပ်ဝင်လုပ်မယ်နော်"

"အင်းအင်း"

လမင်းနွယ်လည်း သူ့အဖေတို့ကိုနှုတ်ဆက်ပြီး အခန်းထဲက သားလေးဆီပြန်လာလိုက်သည်။

"သားလေးက အိပ်နေတုန်းကို အိပ်ပုတ်လေး "

လမင်းနွယ်လည်း သူ့သားရဲ့ပါးကို တချက်နမ်းလိုက်ပြီး သားဘေးမှာ အတူတူလှဲအိပ်လိုက်သည်။ခနကြာတော့သူပါအိပ်ပျော်သွားတော့သည်။

သနားစရာဇာတ်ကောင်ထဲရောက်သွားပြီ (Complete)Wo Geschichten leben. Entdecke jetzt