2

2.2K 58 0
                                    

<Unicode>
နောက်တနေ့ မနက်စောစောတွင် နေခြည်ပိုင် က လမင်းနွယ်အိမ်ရောက်လာသည်။

"သား နေခြည်ပိုင် အစောကြီးဘဲရောက်နေတာလား သားသူငယ်ချင်းကတော့အခုထိ မနိုးသေးဘူး သွားနိုးလိုက်အုံး"

"ဟု အန်တီလင်း"

နေခြည်ပိုင်လည်း ဒေါ်ဝေဝေလင်း ကို အန်တီလင်း လို့သာခေါ်သည်။သူလည်း အပေါ်ထပ်ကိုတက်လိုက်ပြီး လမင်းနွယ် အခန်းဆီ ဝင်သွားလိုက်သည်။

ကုတင်ပေါ်တွင် စောင်ပုံထဲမြှုပ်နေတဲ့ လမင်းနွယ်က ချစ်ဖို့ကောင်းပေမဲ့ နေခြည်ပိုင်ကတော့ တချက်သာကြည့်ပြီး ကုတင်ဘေးက ထိုင်ခုံမှာထိုင်နေပြီး လမင်းနွယ် နိုးလာမဲ့အချိန်ကို ဖုန်းကြည့်ပြီးစောင့်နေလိုက်သည်။

ငါးမိနစ်လောက်ကြာတော့

"ဟင်း မောင်ရောက်နေတာလား ဘယ်ချိန်ကရောက်နေတာလဲ"

"အရမ်းကြာပြီး နွယ်အိပ်နေတာက ချစ်စရာကောင်းလို့ နွယ့်မျက်နှာကိုတစိမ့်စိမ့်ထိုင်ကြည့်နေတာ"

"ဟီး ခနစောင့်နော် မောင် နွယ် မျပ်နှာသစ်လိုက်အုံးမယ်"

"အင်း အင်း"

လမင်းနွယ်လည်းမျက်နှာသစ်သွားတိုက်ဖို့ ရေချိုးခန်းထဲဝင်သွားလိုက်သည်။သူမနေ့ညက မောင်နဲ့ လျှောက်လည်ကြတာကိုစဉ်းစားပြီးပျော်လွန်းလို့ အတော်ကြာတဲ့ထိ အိပ်မပျော်နိုင်... ငယ်ငယ်ထဲက ကိုယ်ကြိတ်ချစ်နေရတဲ့လူကလည်း ကိုယ့်ကိုပြန်ချစ်နေတာက အရမ်းမိုက်တယ်...

ဒီမနက်လည်း မောင်က သူ့ကိုတစိမ့်စိမ့်ကြည့်နေတာတဲ့ အဟီး အရမ်းချစ်တာဘဲမောင်ရယ်

လမင်းနွယ် လည်းလုပ်စရာရှိတာ‌တွေကိုအမြန်လုပ်ပြီး အပြင်ပြန်ထွက်လာလိုက်သည်။မျက်နှာကို တပတ်နဲ့သုတ်ရင်း

"မောင် အစောကြီးရောက်နေတာ ကိစ္စတခုခုရှိလို့လား"

"ဟင်း ကိုယ့်ရည်းစားအိမ် ကိုယ် လာတာလေ ကိစ္စရှိမှ လာရမှာလား "

"ဟီး မဟုပါဘူး မောင်ကလည်း အော် မောင်မနေ့က ဘယ်သွားတာလဲ အရေးကြီးကိစ္စရှိလို့လား"

သနားစရာဇာတ်ကောင်ထဲရောက်သွားပြီ (Complete)Where stories live. Discover now