6

1.6K 66 1
                                    


<Unicode>
"ဘာလို့လဲဆိုတော့ ငါနေခြည်ပိုင်ကို ချစ်လို့ တခြားလူကို ထပ်မချစ်နိုင်လောက်အောင် သူ့ကိုချစ်မိသွားလို့လေ နင်လည်းအဲ့တာကိုသိတယ်မလား ဒါကြောင့်..."

"သိတယ်လေ သိလို့လည်း သူချစ်လာအောင်မနည်းကြိုးစားခဲ့ရတာ နင်သိလား နေခြည်ပိုင်က သူ့အမေစကားဆိုအရမ်းနားထောင်တာ အဲ့ကြောင့်လည်း သူ့အမေကို အပိုင်ကိုင်ထားတာလေ"

"ဘယ်လို အပိုင်ကိုင်ထားတာလဲ ဘိန်းနဲ့စွဲအောင် လုပ်ပြီး အပိုင်ကိုင်ထားတာလား"

"ဟက် ဟုတယ် အဲ့တာကို နင်ဘယ်လိုသိတာလဲ သူ့မိသားစုတွေတောင်မသိတာကို "

"သူ့ကိုကြည့်လိုက်ရင် ဘိန်းစွဲနေမှန်းသိသာတယ် ငါကတော်တယ်လေ သိတာမဆန်းပါဘူး "

"ဘာဘဲပြောပြော နင်တို့မိသားစု ကုမ္ပဏီကတော့ ရှယ်ယာဈေးတွေကျတော့မယ်ထင်ပါတယ် ခွင့်ပြုအုံးနော် ကိုနေ ‌ကငါ့ကိုအရမ်းချစ်တော့ အကြာကြီးပျောက်နေရင် လွမ်းနေမှာဆိုးလို့"

"နေခြည်ပိုင်ကိုကောင်းကောင်းထိန်းထားနော် ငါကပြန်လုယူမှာမို့လို့"

"တောက်စ် "

မေ ထွက်သွားချိန် လမင်းနွယ်လှမ်းပြောလိုက်တော့ မေက တောက်စ်ခေါက်ပြီး ထွက်သွားသည်။

လမင်းနွယ်လည်း အချိန်တခုကြာသည်အထိ ဆိုင်အပြင်ကိုထွက်သွားတဲ့ မေ ရဲ့ကြောပြင်ကိုသာစိုက်ကြည့်နေသည်။

'host video ကို ဖုန်းထဲထည့်ပေးပြီးပါပြီ'

'ကျေးဇူးဘဲ လိုင်း'

'ရပါတယ်... hostတခုလောက်မေးမယ်နော်'

'မေးလေ '

'ဒေါ်နီလာလွင် ဆေးစွဲနေမှန်း ဘလိုသိတာလဲ'

'ငါက အမှောင်လောက က လူပါဟ ဆေးတွေလည်းရောင်းဝယ်ဖူးတော့ ဆေးစွဲတဲ့လူရဲ့ပုံစံတွေကိုမြင်ဖူးတယ်လေ ပြီးတော့ ဒေါ်နီလာလွင်က ဒေါသတွေအရမ်းကြီးပေမဲ့ မေ တခုခုကျွေးလိုက်ရင်ငြိမ်ကျသွားလို့ သိတာ'

'host ဘယ်ချိန်က တွေ့တာလဲ မေ ဆေးကျွေးတာကို'

'အော် ရှေ့တပတ်က သူတို့အိမ်ရှေ့က ကားနဲ့ဖြတ်တော့ ဒေါ်နီလာလွင်က စိတ်တိုနေတာ ပန်းအိုးတွေလဲ ရိုက်ခွဲပြီး သောင်းကျန်းနေလို့ ဘာများဖြစ်တာလဲဆိုပြီး ရပ်ကြည့်နေတာ ခနနေကြတော့ အိမ်ထဲက မေကထွက်လာပြီး ဒေါ်နီလာလွင်ကို ဆေးတိုက်လိုက်တာတွေ့တယ် အဲ့ဆေးသောက်ပြီးတော့ ဒေါ်နီလာလွင်က ပုံမှန်ပြန်ဖြစ်သွားတာဘဲ'

သနားစရာဇာတ်ကောင်ထဲရောက်သွားပြီ (Complete)Where stories live. Discover now