6 end

1.8K 58 6
                                    

<Unicode>
နာရီဝက်လောက်ကြာတော့ လမင်းနွယ်သတိရလာသည်။

"သား...သားလေး အမေ့ကိုမထားခဲ့ပါနဲ့ သားလေး အမေ့ဆီပြန်လာခဲ့ပါ..သား!!!!"

လမင်းနွယ်လည်းအိမ်မက်ထဲမှာ သူ့သားက အမေ့ဆီအခုမလာချင်သေးဘူး နောက်မှ ပြန်လာခဲ့မယ်ဆိုပြီး သူနဲ့ဝေးရာကိုထွက်သွားသည်။လမင်းနွယ်လိုက်ခေါ်တော့လည်း နေရာကရွှေ့မရဘဲ သားထွက်သွားတာကိုဘဲ ရပ်ကြည့်နေရသည်။

အိမ်မက်ထဲကနေလန့်နိုးလာတော့ သူ့ကုတင်ဘေးမှာ အမေနဲ့အဖေက သူ့ကိုမျက်ရည်တွေနဲ့ကြည့်နေပြီး

"သမီးဘာဖြစ်လို့လဲ အမေ့ကိုပြော တခုခုအိမ်မက်မက်လို့လား"

"အမေ ‌အမေ သမီးသားလေးရော သမီးသားလေးရောလို့ သမီးကို သားဆီခေါ်သွားပေးပါ"

"သမီးရယ် မြေးလေးက အဟင့် ဘလိုပြောထွက်ရက်မလဲသမီးရယ်"

"ဒါ ဒါဆို သားက သမီးဆီကနေထွက်သွားပြီပေါ့ မောင် မောင်ကရော ဒီအကြောင်းတွေသိရဲ့လား သားမရှိတော့မှန်းသိရင် မောင်က အရမ်းဝမ်းနည်းနေမှာ အမေ မောင်ရောဟင်"

"သမီး အနားယူလိုက်အုံး အမေတို့ အိမ်ပြန်ပြီး လိုအပ်တာတွေသွားယူလိုက်အုံးမယ် အရမ်းမတွေးနဲ့နော် ချက်ချင်းပြန်လာခဲ့မယ်"

ဒေါ်နိုင်မင်းနဲ့ဒေါ်ဝေဝေလင်း လည်း သမီးငိုကြွေးနေတာကိုမကြည့်ရက်တာကြောင့် အိမ်ကိုပြန်ပြီး လိုအပ်တာတွေသွားယူဖို့ အိမ်ကိုနှစ်ယောက်လုံးပြန်သွားကြသည်။သူနာပြုတွေကိုလည်း သမီးကိုကြည့်ပေးဖို့မှာထားခဲ့ကြသည်။

လမင်းနွယ် သားမရှိတော့တာကြောင့် ဝမ်းနည်းပေမဲ့ သူ့မှာမောင်ရှိသေးတယ်ဆိုတဲ့အသိနဲ့ အားတင်းထားသည်။သူသေလို့မဖြစ်သေး မောင်နဲ့လက်ထပ်ရအုံးမယ်...သူတွေးနေတဲ့အချိန်မှာဘဲ သူ့အခန်းထဲကို မေ ဝင်လာသည်။

"ဟက် ဘလိုလဲ သားဆုံးရှုံးသွားလို့ ရူးသွားပြီထင်နေတာ မရူးသေးဘူးဘဲ"

"အမ မေ ဘာပြောချင်လို့လဲ"

"အော် လက်ထပ်လက်စွပ်လေးလာကြွားတာလေ လှလား"

ဆိုပြီး မေ က သူ့ရဲ့ဘယ်လက်ကိုထောင်ပြလိုက်တော့ စိန်လက်စွပ်တစ်ကွင်းက မေရဲ့ လက်သူကြွယ်မှာ လှပစွာတည်ရှိနေသည်။

သနားစရာဇာတ်ကောင်ထဲရောက်သွားပြီ (Complete)Where stories live. Discover now