2

1.8K 75 7
                                    

<Unicode>
နေ့လည် 12နာရီတွင် နေ့လည်စာ ပြန်စားတဲ့ ဦးနိုင်မင်းက မီးဖိုချောင်တွင်ပြုံးပြီးချက်ပြုတ်နေတဲ့သူ့ဇနီးကိုတွေ့တော့ ဘာရယ်မဟု ပြုံးမိသွားသည်။သူ့ဇနီးက သမီးအိမ်ကထွက်သွားကတည်းက မပြုံးတော့ဘူး အမြဲမှိုင်းနေတာဘဲ...

ဦးနိုင်မင်းလည်း သူ့ဇနီးကိုနောက်ကနေ လှမ်းဖက်လိုက်ရင်း

"မိန်းမ ဘာတွေပြုံးနေတာလဲ"

"အဟီး ခန‌လေးစောင့် ရှင်အံဩသွားစေရမယ်"

"အင်းအင်း"

ဒေါ်ဝေဝေလင်းလည်း ထမင်းဟင်းခူးထားလိုက်ပြီး

"ရှင်ခနထိုင်စောင့်အုံးနော် ကျမအပေါ်တက်လိုက်အုံးမယ်"

"အမြန်ဆင်းလာနော်"

"အင်းပါ"

ခနကြာတော့ ဒေါ်ဝေဝေလင်းက လမင်းနွယ်ကိုတွဲပြီးဆင်းလာတာကြောင့် ဦးနိုင်မင်းခများ အံဩပြီး မျက်ရည်တွေစီးကျလာသည်။

"သမီး သမီးလေးလား"

"ဟုပါတယ်အဖေ သမီးမှားခဲ့တာတွေအတွက်တောင်းပန်ပါတယ် သမီးကိုခွင့်လွှတ်ပေးပါ"

"ခွင့်လွှတ်ပါတယ် သမီးကိုအဖေတို့တခါမှ စိတ်မဆိုးဖူးဘူး လာထိုင်ပါအုံး သမီးကိုဖက်ထားချင်လို့"

‌ဦးနိုင်မင်းလည်း သူ့သမီးကိုဖက်ပြီး မျက်ရည်တွေကျနေသည်။ဒီမျက်ရည်တွေက ဝမ်းသာလို့ကျတဲ့မျက်ရည်ဆိုတာ ပြောစရာမလို...

ဒေါ်ဝေဝေလင်းလည်း ဖက်နေတဲ့သားအဖဆီသွားပြီး သူပါသွားဖက်လိုက်သည်။ဖက်တာဝမှ စကားတပြောပြောနဲ့ ထမင်းဆက်စားကြသည်။ဒီနေ့ နေ့လည်စာထမင်းဝိုင်းကအပြုံးတွေ ရီသံတွေ စကားပြောသံတွေနဲ့အသက်ဝင်လှသည်။

ထမင်းစားပြီးတော့ ဦးနိုင်မင်းလည်း အလုပ်ပြန်သွားသည်။ဒေါ်ဝေဝေလင်းနဲ့လမင်းနွယ်လည်း ဧည့်ခန်းမှာထိုင်ပြီးစကားတွေဖောင်ဖွဲ့ပြောနေကြသည်။

ညနေ ဦးနိုင်မင်းပြန်လာတော့ ဧည့်ခန်းမှာနေကြာစိထိုင်စားပြီး tv ကြည့်ကာရီနေတဲ့ ချစ်ရသူတွေကိုတွေ့လိုက်ရတာကြောင့် ပင်ပန်းသမျှအကုန်လုံး ကွယ်ပျောက်သွားသည်။

သနားစရာဇာတ်ကောင်ထဲရောက်သွားပြီ (Complete)Where stories live. Discover now