9

1.5K 60 2
                                    

<Unicode>
နေခြည်ပိုင်လည်း တစ်ညနေလုံး မေကိုစောင့်နေပေမဲ့ ‌ပေါ်မလာတာကြောင့် စိတ်အခြေအနေက သိပ်မကောင်းပေ။သူ့မိဘတွေကတော့ အိမ်ပြန်ရောက်တာနဲ့ရေမိုးချိုးပြီး ညစာစားကာ အိပ်ခန်းထဲဝင်သွားကြသည်။သူကသာ တညနေလုံး မေ ကို ဧည့်ခန်းမှာကွာရှင်းစာချုပ်နဲ့ထိုင်စောင့်နေတာ 9နာရီထိုးပြီအခုထိ ပေါ်မလာသေးဘူး....

10 နာရီထိုးခါနီးမှ မေက အိမ်ပြန်လာသည်။အိမ်ထဲဝင်လာလာချင်း

"မင်း ဘယ်ကပြန်လာတာလဲ"

"ဘယ်ကပြန်လာလာပေါ့ မအိပ်သေးဘဲဘာလုပ်နေတာလဲ ကျမကိုစောင့်နေတယ်လို့တော့မပြောနဲ့နော်"

"မင်းကိုစောင့်နေတာ ညနေ ၄နာရီကတည်းက "

"ဝိုး စိတ်ပူလို့လား မစောင့်စဖူးစောင့်နေတာဆိုတော့ ထီထိုးရတော့မယ်ထင်တယ် "

ဟုပါတယ် နေခြည်ပိုင်က လက်ထပ်ပွဲလုပ်တဲ့နေ့ကစပြီး တခြားလူတယောက်လုံး အကျင့်တွေပြောင်းသွားသည်။အဓိက ကတော့ သူ့ကိုအရင်လိုဂရုမစိုက်တော့ဘူး ပြီးတော့ တခါတလေဆို သူ့ကို မုန်းသလိုလို မကြည့်ချင်သလိုလိုနဲ့မနှစ်မြို့တဲ့အကြည့်တွေနဲ့ကြည့်နေတတ်သည်။အခန်းဆိုလည်းခွဲအိပ်ပြီး သူ့ကိုအရင်ကလို လက်တွေတောင်မကိုင်တော့ဘူး ဒီနေ့ကတော့ဘာလို့ စောင့်နေတာလဲမသိဘူး...

"ညနေက ပြောထားတာမေ့သွားပြီလား ကွာရှင်းစာချုပ်မှာ လက်မှတ်ထိုးရမယ်ဆိုတာကို မသိချင်ယောင်ဆောင်နေတာလား"

"ကွာရှင်းစာချုပ်မှာ လက်မှတ်ထိုးရမယ် ဟာသဘဲ မထိုးပေးနိုင်ဘူး ကျမထိုးပေးလိုက်ရင် ကိုနေက လမင်းနွယ်ဆိုတဲ့ဟာမ နဲ့ ပြန်ပေါင်းတော့မှာမလား ဘာလို့ထိုးပေးရမှာလဲ လမင်းနွယ်ကိုပျော်ခွင့်မပေးနိုင်ဘူး "

"နင့်အကိုသေရတာက သူ့ငြင်းလိုက်လို့ဆိုပေမဲ့ နင့်အကိုက ရူးနေလို့သက်သေတာ နွယ်နဲ့ဘာမှမဆိုင်ဘူး"

"ဘာဘဲဖြစ်ဖြစ် ကျမတော့ လက်မှတ်လုံးဝမထိုးပေးနိုင်ဘူး "

"ရတယ်လေ နင်မထိုးချင်လည်း ငါတော့ရအောင်ကွာရှင်းရမှာဘဲ"

"ကြိုက်သလိုလုပ် ပင်ပန်းလာလို့သွားနားတော့မယ်"

မေ လည်း သူ့အခန်းဆီပြန်လာပြီး ရေမိုးချိုးကာ အိပ်စက်လိုက်သည်။နေခြည်ပိုင်ကတော့ မအိပ်ချင်သေးတာကြောင့် အိမ်ပြင်ထွက်ကာ လမင်းကြီးကိုငေးကြည့်နေလိုက်သည်။

သနားစရာဇာတ်ကောင်ထဲရောက်သွားပြီ (Complete)Where stories live. Discover now